စက်တင်ဘာ ၂၅ ရက်နေ့တွင် V7/V7+ Launching Event ပြုလုပ်မည်
Vivo Mobile Myanmar Co., Ltd အနေဖြင့် ပြည်တွင်းဈေးကွက်၍ ဖြန့်ချိတော့မည့် ထုတ်ကုန်သစ် V7/V7+ တို့ကို မိတ်ဆက်သည့်အခမ်းအနားအား လာမည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ လိုက်ပါသည်။
အဆိုပါ Launching Event ကို Novotel Hotel Yangon Ballroom တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မီဒီယာများကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ဖိတ်ကြားလွှာများ ပေးပို့သွားတော့မည် ဖြစ်ကြောင်းလည်း သိရသည်။
Vivo Myanmar အနေဖြင့် အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို ယခင်ပြုလုပ်ခဲ့ဖူးသည့် မိတ်ဆက်ပွဲအခမ်းအနား များထက် ပိုမိုကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆို ခဲ့ပါသည်။
V7/V7+ ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ်ဆက်ပေးသွားမည်ဖြစ်သော်လည်း ချက်ချင်းရောင်းချဦး မည်မဟုတ်ဘဲ ပထမဆုံး ရောင်းချမှုပြုလုပ်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဟု သိရပါသည်။
“အခုတစ်ခေါက်ပြုလုပ်ကျင်းပမယ့် Launching Event ကို အထူးပဲ အားစိုက်ပြီး ပြင်ဆင်ထားပါတယ်။ Event ကို ရောက်လာတဲ့ သူတိုင်းက အံ့အားသင့် ကျေနပ်သွားတဲ့ စိတ်ခံစားချက်ကို ပေးဖို့ရည်ရွယ်ပြီးတော့လည်း ပြုလုပ်ထားတာပါ။ ဒီ Event ကြီးမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးပါမယ်။ ပထမဦးဆုံး ရောင်းချမယ့်ရက်ကိုတော့ ထပ်ပြီး ကြေညာသွားမှာပါ။ Vivo ကို နှစ်သက်မြတ်နိုးကြတဲ့ Customer တွေအားလုံးလည်း ဒီ V7+ ကို တွေ့လိုက်တာနဲ့ အသုံးပြုချင်သွားမယ်၊ အသုံးပြုပြီးရင်လည်း ကျေနပ်အားရကြမယ်လို့ မျှော်လင့်ပါတယ်” ဟု Vivo ၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါသည်။
လက်ရှိသိရှိထားသော သတင်းများအရ V7+ သည် V5 နှင့် အရွယ်အစားချင်းတူညီသော်လည်း မျက်နှာပြင်မှာမူ ပိုမိုကျယ်ပြန့်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ဘေးနှစ်ဘက်တွင် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့်အောက်တွင်လည်း နေရာလွတ် အနည်းငယ်သာ ချန်လှပ်ထားသည်ကို တွေ့ရပါသည်။ ထိုသို့ မျက်နှာပြင်အတွက် နေရာပေးလိုက်ရသောကြောင့် Fingerprint သည် ဖုန်း၏ နောက်ကျောဘက်သို့ရောက်ရှိသွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။
#vivo
You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Ko Thuya - Apr 23, 2018New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Ko Thuya - Apr 23, 2018မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
Nwe Oo Thant - Apr 22, 2018နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…
Most from this category

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Nwe Oo Thant - Apr 22, 2018
Leave a Comment
You must be logged in to post a comment.