297 Shares 114 Views

Container များကို ဘေးကင်းလုံခြုံစွာ သယ်ဆောင်ပေးနိုင်မယ့် Drone

Sep 17, 2017
297 114

ဆွစ်ဇာလန်နိုင်ငံ EPFL University မှ သုတေသနပညာရှင်များက အနာဂတ်မှာ ကွန်တိန်နာများကို ဘေးကင်းလုံခြုံစွာ သယ်ဆောင်ပေးနိုင်တဲ့ ဒရုန်းကို တီထွင်လိုက်ပါတယ်။ ယခု နမူနာ မော်ဒယ်ဟာ အရွယ်အစားသေးငယ်ပြီး အဆောက်အဦးများ၊ ယာဉ်ကြောပိတ်ဆို့မှုများရဲ့ အထက်ကနေ ပျံသန်းနိုင်ပါတယ်။ သူဟာ ၅၀၀ ဂရမ်အထက် ကုန်ပစ္စည်းကို သယ်ဆောင်နိုင်ပါတယ်။ သူ့ကို ခေါက်ချိုးထားရင် အရွယ်အစား အလွန် သေးငယ်ပြီး ကျောပိုးအိတ်ထဲမှာ ထည့်သွင်းယူဆောင်သွားနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးထားရင် ကိုယ်ထည်ရဲ့ ၉၂ ရာခိုင်နှုန်းကို လျှော့ချပေးပါတယ်။

ဒရုန်းကို EPFL ရဲ့ Laboratory of Intelligent Systems ကနေ ဖန်တီးထားပြီး ဒရုန်းကို အလုပ် ၂ ခု လုပ်နိုင်အောင် ဖန်တီးထားပါတယ်။ တစ်ခုမှာ ဒရုန်းဟာ ကွန်တိန်နာများကို သယ်ဆောင်ခြင်းနဲ့ အခြားတစ်ခုမှာ ကွန်တိန်နာကို ဘေးကင်းလုံခြုံစွာ ဝေဟင်ကနေ သယ်ဆောင်ဖို့ဖြစ်ပါတယ်။ သူက ကွန်တိန်နာကို သူ့ရဲ့ ကိုယ်ထည်ထဲမှာ ငုံပြီး သယ်ဆောင်မှာ ဖြစ်တဲ့အတွက် အောက်ကို ပြုတ်ကျရင်တောင် ကွန်တိန်နာနဲ့ မြေပြင်မှ လူများအတွက် အန္တရာယ် မရှိစေပါဘူး။ ပန်ကာကို ကိုယ်ထည်ထဲမှာ ထည့်သွင်းထားခြင်းဟာလည်း ဘေးကင်းစေဖို့ ဖြစ်ပါတယ်။

ဒရုန်းရဲ့ ကိုယ်ထည်ကို ပျော့ပြောင်း မာကျောတဲ့ ကာဗွန်ဖိုက်ဘာဖြင့် ဖန်တီးပါတယ်။ ကိုယ်ထည် အထဲမှာ ပန်ကာ ၄ လုံး တပ်ဆင်ထားပြီး ဒရုန်းဟာ မြေပြင်မှ ဝေဟင်၊ ဟေ၀င်မှ မြေပြင်သို့ ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ ၁ ပေါင် အလေးချိန်ရှိတဲ့ ကုန်ပစ္စည်းကို သယ်ဆောင်ရင် ဒရုန်းဟာ ၂ ကီလိုမီတာ အထိ ပျံသန်းနိုင်ပါတယ်။

Google , Amazon တို့ကလည်း ဒရုန်းများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ဖို့အတွက် ဖန်တီးနေကြပါတယ်။ အမေဇုန်ဟာ ယခင်နှစ် ဒီဇင်ဘာလမှာ ဒရုန်းဖြင့် ပထမဆုံး ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုကို ပြုလုပ်ခဲ့ပါတယ်။

ref : digitaltrends

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category