236 Shares 71 Views

Washington Post ရဲ့ စက်ရုပ်က ၂၀၁၆ ခုနှစ်မှာ သတင်း အပုဒ် ၈၅၀ ကို ရေးသားခဲ့

Sep 17, 2017
236 71

Washington Post သတင်းဌာနက ၂၀၁၆ ခုနှစ်မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Heliograf စက်ရုပ်ကို စတင် အသုံးပြုခဲ့ပါတယ်။ အစောပိုင်းမှာ ရီယို အိုလံပစ်မှ ဆုတံဆိပ် ရရှိမှု အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းများကို ရေးသားဖို့ သူ့ကို အသုံးပြုခဲ့ပါတယ်။ စက်ရုပ်ဟာ Washington Post ရဲ့ ဘလော့မှ သတင်းများကို အတိုချုပ်၍ အလိုအလျှောက် ရေးသားပေးတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

အခုတော့ စက်ရုပ်က ပိုမို စွမ်းရည်မြင့်မားလာပြီး ပိုမိုများပြားတဲ့ သတင်းအမျိုးအစားများစွာကို ရေးသားလာနိုင်ပါပြီ။ Washington Post က သူ့ရဲ့ စက်ရုပ်ဟာ ယခင်နှစ်မှာ သတင်း အပုဒ်ရေ ၈၅၀ ကို ရေးသားပေးခဲ့တယ်လို့ ပြောပါတယ်။ စက်ရုပ်က လွှတ်တော် အမတ်လောင်း ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မှုများ၊ အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲများကိုတောင် သတင်းရေးသားလာနိုင်ပါပြီ။ စက်ရုပ်များဟာ စာလုံးပေါင်းမှားယွင်းခြင်း၊ တိကျစွာ သတင်း ရေးသားနိုင်ခြင်း စတဲ့ အားသာချက်များ ရှိကြပါတယ်။

USA Today , Associated Press တို့ကလည်း သတင်းများ ရေးသားဖို့အတွက် စက်ရုပ် ဆော့ဖ်ဝဲများကို အသုံးပြုနေကြပါတယ်။ သတင်းဌာနများက သတင်းထောက်များနေရာမှာ စက်ရုပ်များကို အစားထိုးမှာ မဟုတ်ဘဲ စက်ရုပ်များကို ဆက်စပ်နေတဲ့ သတင်းများကို ရှာဖွေရာမှာ အသုံးပြုမယ်လို့ ပြောပါတယ်။

စက်ရုပ်များဟာ အစားအစာများ ချက်ပြုတ်ခြင်း၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း သာမက နေအိမ်များ ကိုတောင် တည်ဆောက်ပေးနိုင်ပြီး လူသားများကို ကဏ္ဍပေါင်းစုံကနေ ကူညီနေနိုင်ကြပါပြီ။

ref : digitaltrends

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category