503 Shares 205 Views

Snapdragon 820, 23MP Main Camera ပါတဲ့ Asus Zenfone V ကို ရောင်းချ

Sep 17, 2017
503 205

Asus က သူ့ရဲ့ အမေရိကန် ၀က်ဆိုက်မှာ Zenfone V စမတ်ဖုန်းကို ပြသထားပါတယ်။ Zenfone V မှ V ဟာ အမေရိကန် မိုဘိုင်းအော်ပရေတာ Verizon ကို ရည်ညွှန်းခြင်းဖြစ်ပြီး သူ့ကို Verizon ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Verizon က အဲဒီ စမတ်ဖုန်း သတင်းကို ပြောကြားခြင်း မရှိသေးတဲ့အတွက် ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ Zenfone V ရဲ့ မော်ဒယ်အမည်မှာ V520KL ဖြစ်ပါတယ်။

Asus Zenfone V မှာ ၅.၂ လက်မ Full HD AMOLED Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 820 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 32GB Internal Storage များ တပ်ဆင်ထားပါတယ်။ 256GB Card စိုက်နိုင်တဲ့ microSD Card Slot လည်း ပါဝင်ပါတယ်။ Android 7.0 Nougat မောင်းနှင်မှာပါ။

Asus Zenfone V ရဲ့ အနောက်ဘက်မှာ 23 Megapixel Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာ ပါပါတယ်။ အနောက်ကင်မရာက 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ 3000mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ PowerDelivery 2.0 နည်းပညာ ပါပါတယ်။ ကိုယ်ထည်မှာ တောက်ပြောင်တဲ့ အနက်ရောင်ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 5.77 x 2.86 x 0.3 inch ဖြစ်ပါတယ်။

ref : gsmarena

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
127 shares49 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category