136 Shares 57 Views

AI က လူများတွင် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနေမှုကို ဆရာဝန်များထက် ဆယ်နှစ်စော၍ သိနိုင်

Sep 17, 2017
136 57

အမေရိကန် တစ်နိုင်ငံထဲမှာတင် လူပေါင်း ၅.၅ သန်း ခံစားနေရတဲ့ အယ်ဇိုင်းမား ရောဂါ ခေါ် အာရုံကြော ရောဂါဟာ စိတ်ရော လူကိုပါ ဒုက္ခပေးတဲ့ ရောဂါဖြစ်ပါတယ်။ စိတ်ကျန်းမာရေးလည်း ထိခိုက်လာသလို လမ်းလျှောက်ခြင်း၊ အစာစားခြင်းတို့လို လူရဲ့ အခြေခံ အလုပ်များကို အကျိုးသက်ရောက်စေပါတယ်။

အခုတော့ အီတလီမှ University of Bari and Istituto Nazionale di Fisica Nucleare ရဲ့ သုတေသနပညာရှင်များက လူများတွင် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနေမှုကို ဆရာဝန်များထက် ဆယ်နှစ်စော၍ သိနိုင်တဲ့ AI ခေါ် ဥာဏ်ရည်တု နည်းပညာကို တီထွင်လိုက်ပါတယ်။ AI က MRI Brain Scans ကို အသုံးပြု၍ တွက်ချက်ပေးနိုင်တဲ့အတွက် ခွဲစိတ်စရာလည်း မလိုပါဘူး။ အယ်ဇိုင်းမား ရောဂါကို စောစီးစွာ သိရှိရင် ပိုမို ထိရောက်စွာ ဟန့်တားနိုင်မှာ ဖြစ်ပြီး ရောဂါ ဆိုးရွားလာမှုဟာ အလွန်ေ
နှးကွေးမှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ဟာ Alzheimer’s Disease Neuroimaging Initiative မှ ဦးနှောက် MRI Scans ပေါင်း ၆၇ ခုကို ရယူခဲ့ကြပါတယ်။ အဲဒီအထဲမှာ အယ်ဇိုင်းမား ရောဂါ ခံစားနေရသူများလည်း ပါဝင်ပါတယ်။ အဲဒီ ဒေတာများကို AI မှာ ထည့်သွင်း၍ သင်ကြားပေးပါတယ်။ အဲဒီနောက်မှာတော့ AI က အယ်ဇိုင်းမား ရောဂါ ရှိသူများကို ၈၆ ရာခိုင်နှုန်း တိကျမှုဖြင့် ဖော်ထုတ်ပေးနိုင်ပါတယ်။ ” လို့ ပညာရှင်များက ပြောပါတယ်။

အရင်တုန်းကလည်း အမ်စတာဒမ်ရှိ VU University Medical Centre မှ သုတေသနပညာရှင်များက MRI Scans များကို အသုံးပြု၍ အယ်ဇိုင်းမား ရောဂါကို ကြိုတင်ထောက်လှမ်းခဲ့ကြပါတယ်။ Cedars-Sinai Medical Center, University of Southern California (USC), University of California, Los Angeles (UCLA) တို့ကလည်း ခေတ်ပေါ် နည်းပညာများ အသုံးပြု၍ အယ်ဇိုင်းမား ရောဂါကို ကြိုတင်တွက်ချက်ဖို့ ကြိုးစားနေကြပါတယ်။

ref : digitaltrends

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
107 shares43 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category