1001 Shares 524 Views

၄၁၂.၇၅ ဒေါ်လာသာ ထုတ်လုပ်မှု ကုန်ကျစားရိတ်ရှိတဲ့ iPhone X

Sep 16, 2017
1001 524

Apple က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ၉၉၉ ဒေါ်လာတန် iPhone X ကို မိတ်ဆက်ခဲ့ပါတယ်။ တရုတ် စမတ်ဖုန်းနယ်ပယ်မှ ပညာရှင်များက iPhone X အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ ကုန်ကျစားရိတ်နဲ့ စုစုပေါင်း ထုတ်လုပ်မှု ကုန်ကျစားရိတ်ကို တွက်ချက်ခဲ့ကြပါတယ်။ iPhone X တစ်လုံးထုတ်လုပ်ဖို့အတွက် စုစုပေါင်း ၄၁၂.၇၅ ဒေါ်လာသာ ကျသင့်ပါတယ်။

iPhone X ရဲ့ တန်ဖိုးအကြီးမားဆုံး အစိတ်အပိုင်းမှာ ၅.၈ လက်မ OLED Display ဖြစ်ပြီး Samsung က ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းမှာ ဒေါ်လာ ၈၀ ဖြစ်ပါတယ်။ တိုရှီဘာကနေ ၀ယ်ယူထားတဲ့ NAND Memory ဟာ 256GB အတွက် ၄၅ ဒေါ်လာ ကျသင့်ပါတယ်။ 3GB RAM ရဲ့ တန်ကြေးမှာ ၂၄ ဒေါ်လာ ဖြစ်ပါတယ်။

A11 Bionic Chipset ကို TSMC က သူတို့ရဲ့ 10 nm process နည်းပညာအပေါ် အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Chipset တစ်ခုဟာ ၂၆ ဒေါ်လာ တန်ကြေးရှိပြီး Chipset မှာ တပ်ဆင်ထားတဲ့ Qualcomm ရဲ့ Modem ဟာ ၁၈ ဒေါ်လာ ကျသင့်ပါတယ်။

စုစုပေါင်း ကုန်ကျစားရိတ်ဟာ ရောင်းဈေးရဲ့ ထက်ဝက်လောက်သာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ ကုန်ကျစားရိတ်ထဲမှာ တကယ့်ထုတ်လုပ်မှု ကုန်ကျစားရိတ်၊ သုတေသနအတွက် ကုန်ကျစားရိတ်များ မပါဝင်သေးပါဘူး။ iPhone X ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
127 shares49 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category