1259 Shares 788 Views

၅၈ စက္ကန့်အတွင်း ရောင်းကုန်သွားတဲ့ Xiaomi Mi Mix 2

Sep 16, 2017
1259 788

Xiaomi Mi Mix 2 ရဲ့ ပထမအသုတ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်တွင် စတင် ရောင်းချပေးခဲ့ပါတယ်။ Mi Mix 2 ဟာ အံ့အားသင့်စရာကောင်းလောက်အောင် ၅၈ စက္ကန့်အတွင်းမှာ ရောင်းကုန်သွားခဲ့ပါတယ်။ ရှောင်မီက ရောင်းချရတဲ့ စမတ်ဖုန်း အလုံးရေကို ကြေညာခြင်း မရှိပေမယ့် လုံလောက်တဲ့ ပမာဏကို ရောင်းချပေးခဲ့တယ်လို့ ပြောပါတယ်။

ဈေးကွက် ခွဲခြမ်းစိတ်ဖြာတဲ့ ပညာရှင် Sun Changxu က Mi Mix 2 အလုံးရေ ၁၀ သန်းကျော် ရောင်းချခဲ့ရတယ်လို့ တွက်ချက်ပါတယ်။ သူမက ဒေါ်လာ ၅၀၀ ကျော်တန် စမတ်ဖုန်းကို ဒီလောက် အချိန်တိုအတွင်းမှာ ၀ယ်ယူသွားတာ အံ့သြစရာကောင်းတယ်လို့ ပြောပါတယ်။

ရှောင်မီဟာ စွမ်းဆောင်ရည်မြင့် Mi 6 ကိုလည်း အချိန်တိုအတွင်းမှာ ကုန်သွားအောင် ရောင်းချနိုင်ခဲ့ပါတယ်။ Mi Note 3 ကိုလည်း တရုတ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ရောင်းချပေးခဲ့ပေမယ့် သူ့ရဲ့ ရောင်းအားကို မသိရသးပါဘူး။ Mi Mix 2 အတွက် ဒုတိယအသုတ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Mi Mix 2 အတွက် RAM နဲ့ Storage ကွဲပြားတဲ့ မော်ဒယ်များစွာ ထုတ်လုပ်ပေးထားပါတယ်။ 6GB+64GB ကို €420, 6GB+128GB ကို €460, 6GB+256GB ကို €510 နဲ့ 8GB+128GB ကို €700 သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ၆၈၀ ၀၀၀ ၀န်းကျင်နဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ်မှာ ၁ ၁၃၀ ၀၀၀ ၀န်းကျင် တန်ကြေးရှိနိုင်ပါတယ်။
ref : globemobiles

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category