681 Shares 608 Views

iPhone X လုံခြုံရေးအတွက် Masks များ ရောင်းချပေးနေ

Sep 16, 2017
681 608

Apple က iPhone X မှာ Fingerprint Scanner အစား Facial Recognition ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီအတွက် iPhone X ကို Unlock လုပ်ဖို့အတွက် လက်ဗွေရာ အစား မျက်နှာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ နည်းပညာ အသစ်နဲ့အတူ စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်လာပါတယ်။ ဖုန်းပိုင်ရှင် အိပ်ပျော်နေစဉ်မှာ သူခိုးက ပိုင်ရှင်ရဲ့ မျက်နှာကို အသုံးပြု၍ ဖုန်းကို Unlock လုပ်ပြီး ခိုးယူသွားနိုင်တယ်လို့ ထင်နေကြပါတယ်။ (တကယ်တော့ ဖုန်းပိုင်ရှင်ရဲ့ မျက်လုံးဖွင့်ထားမှသာ Face ID က အလုပ်လုပ်ပါတယ်။ )

ဒီလို စိုးရိမ်ပူပန်မှုများ မြင့်တက်လာတာကို အခွင့်ကောင်းယူပြီး တရုတ်မှ အွန်လိုင်း ရှော့ပင်းတစ်ခု ဖြစ်တဲ့ Taobao မှာ အိပ်စက်တဲ့အခါတွင် သုံးတဲ့ မျက်နှာဖုံးများကို iPhone X လုံခြုံရေးအတွက် ရောင်းချပေးနေပါတယ်။ သူတို့က အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ် မရွေး ကြိုက်နှစ်သက်မယ့် မျက်နှာဖုံးများကို ထုတ်လုပ်ပေးထားပါတယ်။

“ ပင်ပန်းလို့ အိပ်ချင်နေသလား။ သင့်ကို ကျွန်တော်တို့က ကာကွယ်ပေးထားမှာပါ။ “ လို့ ၀က်ဆိုက်မှာ ရေးသားထားပါတယ်။ မျက်လုံးကိုသာ ဖုံးအုပ်ထားတဲ့ အခြေခံ မျက်နှာဖုံးများ ရှိသလို မျက်လုံးနဲ့ ပါးစပ်ကလွဲပြီး ဦးခေါင်းတစ်ခုလုံးကို ဖုံးအုပ်ပေးထားတဲ့ မျက်နှာဖုံးများလည်း ရှိပါတယ်။ ဦးခေါင်းတစ်ခုလုံးကို အလုံခြုံဆုံး ကာကွယ်ပေးမယ့် မျက်နှာဖုံးတောင် ထုတ်လုပ်ပေးထားပါတယ်။

ဒါ့အပြင် ဂြိုလ်သား ပုံသဏ္ဍာန် မျက်နှာဖုံးကို ရွေးချယ်နိုင်ပါသေးတယ်။ မျက်နှာဖုံးများဟာ ၃ ဒေါ်လာနဲ့ ၁၆၀ ဒေါ်လာအကြား တန်ကြေးရှိပါတယ်။ အခြားနိုင်ငံများသို့လည်း ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

ref : mashable

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category