375 Shares 355 Views

၂၃ ရက် ဘက်ထရီ သက်တမ်းရှိတဲ့ Xiaomi Mi Band HRX Edition

Sep 16, 2017
375 355

Xiaomi က အိန္ဒိယမှာ ကျန်းမာကြံ့ခိုင်ရေး အထူးပြု စမတ်လက်ပတ်များကို ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ အခုတော့ ရှောင်မီက အိန္ဒိယရဲ့ နာမည်ကျော် မင်းသား Hrithik Roshan ရဲ့ HRX နဲ့ ပူးပေါင်း၍ Xiaomi Mi Band HRX Edition အမည်ရ စမတ်လက်ပတ်ကို ဖန်တီးလိုက်ပါတယ်။ သူဟာ Mi Band 2 ရဲ့ မော်ဒယ်တစ်ခုလည်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သူ့ကို Mi.com နဲ့ Mi Home Offline Stores များကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာ Myntra, Flipkart, Amazon တို့မှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Mi Band HRX Edition ကို ရူပီး ၁၂၉၉ (ဒေါ်လာ ၂၀ ၀န်းကျင်) သတ်မှတ်ထားတဲ့အတွက် မူလ Mi Band 2 ထက် အနည်းငယ် များပြားပါတယ်။ သူ့မှာ အချိန်၊ လမ်းလျှောက်တဲ့ ခြေလှမ်းများ၊ ကယ်လိုရီလောင်ကျွမ်းမှု ပမာဏကို ပြသပေးတဲ့ OLED Display ၁ ခု တပ်ဆင်ထားပါတယ်။ Pedometer ကို အဆင့်မြှင့်ထားတဲ့အတွက် ခြေလှမ်းများနဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို တိုင်းတာရာမှာ ပိုမို တိကျလာပါတယ်။ သူ့ကို Android Smartphone နဲ့ ကြိုးမဲ့ ချိတ်ဆက်ထားနိုင်ပြီး စမတ်ဖုန်းမှ Notifications များကို စမတ်လက်ပတ်မှာ ပြသပေးပါတယ်။ ဖုန်းကို Unlock လုပ်ဖို့ စမတ်လက်ပတ်ကို အသုံးပြုနိုင်ပါတယ်။

သူ့မှာ Bluetooth 4.0 ပါပြီး တစ်ခါအားသွင်းထားရင် ၂၃ ရက် အသုံးခံပါတယ်။ Mi Band 2 က ရက် ၂၀ သာ အသုံးခံပြီး ရူပီး ၁၉၉၉ တန်ကြေးရှိပါတယ်။

ref : gadgets.ndtv, gsmarena

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
312 shares53 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
49 shares7 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Leave a Comment

Most from this category