223 Shares 179 Views

Vivo ၏ FullViewTM Display အကြောင်း တစ်စေ့တစ်စောင်း

Sep 16, 2017
223 179

20 MP Softlight Camera perfect selfie နဲ့ ဈေးကွက်တွင်း အောင်မြင်စွာ ထိုးဖောက်ခဲ့တဲ့ Vivo ဟာ ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်အဖြစ် V7+ ကို ဖြန့်ချိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

V7+ ဟာ Vivo ရဲ့V series ဖုန်းတွေမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ စမတ်ဖုန်းဖြစ်တဲ့အလျောက် V5 ထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာမယ်လို့လည်း သိရပါတယ်။

လက်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ V7+ ရဲ့ အဓိက ထူးခြားချက်က လုံးဝကိုဆန်းသစ်လာတဲ့ မျက်နှာပြင်ပါပဲ။ မျက်နှာပြင်အချိုးက 18:9 ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ အတော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ အချိုးအစားပဲလို့ ဆိုရမှာပါ။ ပြောရရင်တော့ V7+ ရဲ့မျက်နှာပြင်က V5 ထက် ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာတာ အသေအချာပါပဲ။

အတိအကျ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် V5 ရဲ့ မျက်နှာပြင်ဟာ 5.5 လက်မ နဲ့ 16:9 ဖြစ်ပါတယ်။ V7+ ရဲ့မျက်နှာပြင်က 18:9 ဆိုတော့ 12.5% လောက် ပိုပြီး ကြီးသွားပါလိမ့်မယ်။ ဒါပေမယ့် smartphone တစ်ခုလုံးရဲ့ ကိုယ်ထည် အတိုင်းအတာကတော့ ကွဲပြားမှုမရှိဘူးလို့ သိရပါတယ်။

မျက်နှာပြင်အချိုးအစား ကြီးမားသွားတဲ့ V7+ ဟာ ဘေးဘောင်တွေကို တတ်နိုင်သမျှ လျော့ချထား တာလည်း တွေ့ရပါတယ်။ ဘေးနှစ်ဖက်က ဘောင်တွေဟာ အနားသတ်မရှိသလောက်နီးပါးကို သေးငယ်ကျဉ်းမြောင်း သွားပါတယ်။

V7+ အထက်ပိုင်းမှာ ကင်မရာနဲ့ ဖုန်းနားထောင်ဖို့စပီကာကို နေရာသိပ်မပေးထားသလို၊ ဖုန်းရဲ့ အောက်ခြေပိုင်းမှာလည်း Home Button နဲ့ Fingerprint, Back, Recent Apps တွေအတွက် နေရာမပေးထားပါဘူး။ ဒါတွေအားလုံးဟာ Screen ပေါ်ကို ရောက်သွားဖွယ် ရှိနေပါတယ်။

Vivo ဟာ Shanghai MWC ပြပွဲမှာ under display fingerprint solution ကို ပြသခဲ့တာကြောင့် V7+ ရဲ့ မျက်နှာပြင်ဘက်အခြမ်းမှာ Fingerprint အတွက် နေရာမပေးထားခြင်းက ရင်ခုန်စိတ်လှုပ်ရှားစရာ တစ်ခုလည်း ဖြစ်နေပါတော့တယ်။

#vivo

You may be interested

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား
Facebook, HUBS, NEWS
0 shares0 views

Facebook ရဲ့ ရုံးချုပ်မှာ ဗုံးလန့်မှု ဖြစ်ပွား

Ko Thuya - Dec 12, 2018

ကယ်လီဖိုးနီးယားမှ Menlo Park မှ Facebook ရဲ့ ရုံးချုပ်မှ အဆောက်အဦး အနည်းငယ်မှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက ဗုံးလန့်မှု ဖြစ်ပွားခဲ့ပါတယ်။ Menlo Park မှ အာဏာပိုင်များက ဒေသစံတော်ချိန် ၅ နာရီမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အဲဒီ…

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
184 shares33 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
154 shares36 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

Leave a Comment

Most from this category