101 Shares 36 Views

မျက်မမြင်များကို ကူညီပေးမယ့် AI ပါတဲ့ ဦးထုပ်

Sep 15, 2017
101 36

တရုတ်မှ ကောလိပ်ကျောင်းသား ငါးဦးက မျက်မမြင်များ၊ အမြင်အာရုံ မကောင်းသူများ အတွက် သူတို့ရဲ့ နေ့စဉ် လူနေမှုဘ၀များကို အကူအညီပေးမယ့် စမတ် ဦးထုပ်တစ်လုံးကို တီထွင်လိုက်ပါတယ်။ ဦးထုပ်ကို Eye See လို့ အမည်ပေးထားပြီး လမ်းမှ အတားအဆီးများကို အာရုံခံနိုင်တဲ့ လေဆာရောင်ခြည် တပ်ဆင်ထားပါတယ်။ ဦးထုပ်က ပုံနှိပ်စာသားများကို ဖတ်ပြနိုင်ပြီး သင်နဲ့ တွေ့ဆုံတဲ့ လူများရဲ့ ပုံပန်းသွင်ပြင်ကိုလည်း ပြောပြနိုင်ပါတယ်။

ဦးထုပ်မှာ ကင်မရာ ၁ လုံးနဲ့ လေဆာရေဒါ တပ်ဆင်ထားပြီး ၁၀ ပေ သို့မဟုတ် ၃ မီတာ အကွာမှ အရာဝတ္ထုများကို အာရုံခံနိုင်ပါတယ်။ ၀တ်ဆင်သူဟာ အတားအဆီးနဲ့ တိုက်မိတော့မယ်ဆိုရင် အသံဖြင့် သတိပေးနိုင်ပါတယ်။ သူ့ရဲ့ ရေဒါဟာ မောင်းသူမဲ့ ကားများမှ ရေဒါနဲ့ ဆင်တူပြီး ၃၆၀ ဒီဂရီကို အာရုံခံနိုင်ပါတယ်။

သူ့ရဲ့ ကင်မရာက လမ်းညွှန်ဆိုင်းဘုတ်များ၊ စာအုပ်များမှ ပုံနှိပ်စာသားများကို ဖတ်ပြပေးနိုင်ပါတယ်။ တီထွင်သူများက သူ့မှာပါတဲ့ ဥာဏ်ရည်တု နည်းပညာက Image Recognition ကို အသုံးပြု၍ လူများရဲ့ ပုံပန်းသဏ္ဍာန်နဲ့ သူတို့ ၀တ်ဆင်ထားတဲ့ အ၀တ်အစား အရောင်များကို ဖော်ပြနိုင်တယ်လို့ ပြောပါတယ်။

တီထွင်သူ ကောလိပ်ကျောင်သားများဟာ City College of Kunming University of Science and Technology မှ ဖြစ်ပြီး သူတို့က ဦးထုပ်ဟာ မျက်မမြင်များရဲ့ နေ့စဉ်လူနေမှုဘ၀ကို ပိုမို လွယ်ကူစေမယ်လို့ ယုံကြည်ထားကြပါတယ်။

“ ဦးထုပ်နဲ့ ဆိုရင် မျက်မမြင်များဟာ အပြင်သွားခြင်း၊ မိတ်ဆွေများနဲ့ တွေ့ဆုံခြင်းနဲ့ အခြားလူများ လုပ်ဆောင်နိုင်တဲ့ နေ့စဉ်အလုပ်များကို ပြုလုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ “ လို့ တီထွင်သူ ကျောင်းသားငါးဦးအထဲမှ Wang Wancen က ပြောပါတယ်။

ref : mashable

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category