186 Shares 149 Views

Apple Watch Series 3 ပိုကောင်းမွန်တဲ့ အဆင်အပြင်နဲ့လုပ်ဆောင်ချက်များ

အခုအပတ်ထဲမှာ ကြေငြာရောင်းချလိုက်တဲ့ new Apple Watch Series 3 ဟာ ထင်မှတ်မထားတာထက် ပိုမိုပြောင်းလဲမှုတွေ လုပ်ဆောင်ထားတဲ့ device ဖြစ်ပါတယ်။Apple ရဲ့ အဆိုပါ အထူးထုတ်ကုန်တွေရဲ့ အထူးပြုလုပ်ချက်တချို့ကို ပြသခဲ့ပါတယ်။

Zac dug ဆိုတဲ့ အမျိုးသားဟာ Apple Watch ရဲ့ ဆယ်လူလာ ဆက်သွယ်မှုနဲ့ အခြားအပြင်အဆင် တိုးတက်မှုတွေအပြင် ကျန်တဲ့ထူးခြားတဲ့ လုပ်ဆောင်မှုအချို့ကို YouTube မှာ မနေ့က ပြသခဲ့ပါတယ်။LTE support ကြောင့် လူအချို့က ဈေးကြီးတယ်ထင်ပေမယ့် သူ့မှာ ရွေးခြယ်စရာအခွင့်အရေးတွေအများကြီးရှိပြီး Watch တွေထဲမှာ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ Watch လို့ပြောရမှာဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Apple က LTE ရဲ့ ညွှန်ပြမှုနဲ့အတူ watchOS နဲ့ Hardware အပြင်အဆင်ကိုတွေ့ရမှာဖြစ်ပါတယ်။

Apple ရဲ့ လုပ်ဆောင်ချက်တွေ ရှင်းပြတဲ့အခါမှာ watchOS ရဲ့ automatic ခလုတ်နဲ့ Apple Watch LTE က iPhone ကို ဆက်သွယ်တဲ့အခါ ကော်နက်ရှင်ပျောက်တာမဖြစ်ရအောင် အကောင်းဆုံးထောက်ပံ့မှုပေးပါတယ်။WatchOS 4 မှာ Explorer အသစ်ဖြစ်တဲ့ watchface ပါတဲ့အတွက် အဆိုပါ LTE model က ဗီဒီယိုကိုပါ နာရီကနေတဆင့် ကြည်လင်ပြတ်သားစွာ ကြည့်နိုင်ပြီဖြစ်ပါတယ်။

ref;9to5mac

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares17 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Leave a Comment

Most from this category