လေယာဉ် အပြင်ဘက်ထွက်၍ ရိုက်တဲ့ Selfie များကြောင့် အင်တာနက်မှာ နာမည်ကြီးလာတဲ့ ပိုင်းလော့

လေယာဉ်မောင်းသူ တစ်ဦးဟာ ပျံသန်းနေစဉ်မှာ လေယာဉ်မောင်းခန်းရဲ့ ပြတင်းပေါက် အပြင်ဘက်ထွက်၍ ရိုက်ကူးတဲ့ Selfie ဓါတ်ပုံများကြောင့် အင်တာနက်မှာ နာမည်ကြီးလာခဲ့ပါတယ်။ သူ့ရဲ့ အမည်ကတော့ Daniel Centeno ဖြစ်ပြီး သူဟာ အသက် ၃၁ နှစ်အရွယ်ရှိ ဘရာဇီး လူမျိုး တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံများဟာ Instagram မှာ လူကြိုက်များနေပါတယ်။

New York City ကနေ ထွက်ခွာလာချိန်မှာ ကောင်းကင်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံဟာ Likes ၃၀ ၀၀၀ ကျော်နဲ့ ကွန်းမန့် ၁ ၄၀၀ ကျော် ရရှိခဲ့ပါတယ်။ ဒူဘိုင်းရဲ့ Palm Islands ကနေ ထွက်ခွာစဉ် ပေ ၃၀ ၀၀၀ အမြင့်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှာ Likes ၆၀ ၀၀၀ ကျော်ရရှိခဲ့ပါတယ်။ အဲဒီ ဓါတ်ပုံရဲ့ Caption မှာ ဒူဘိုင်းဟာ သူ့ရဲ့ ဒုတိယ ဇာတိမြို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဓါတ်ပုံများဟာ Photoshop ဖြင့် ပြုပြင်ထားခြင်း ဖြစ်ပြီး လေယာဉ်မောင်းခန်းရဲ့ ပြတင်းပေါက်အပြင်သို့ထွက်၍ ရိုက်ကူးထားတဲ့ ဓါတ်ပုံများ မဟုတ်ပါဘူး။ လူများစွာက Photoshop အသုံးပြုထားခြင်းကို မသိကြဘဲ အန္တရာယ်များတဲ့ ရိုက်ချက်အဖြစ် မှတ်ချက်ပေးထားကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အချို့ကတော့ သူ ဓါတ်ပုံကို ပြုပြင်ထားတယ်ဆိုတာကို သိကြပြီး ဓါတ်ပုံထဲမှာ လေကြောင့် ဆံပင်များ ပုံပျက်နေခြင်း မရှိဘူးဆိုတာကို ထောက်ပြကြပါတယ်။

Centeno ကလည်း ဓါတ်ပုံများဟာ အတုအယောင်များ ဖြစ်တယ်ဆိုတာကို အသိပေးခဲ့ပါတယ်။ သူဟာ မြေပြင်မှာ ရပ်နားထားတဲ့ လေယာဉ်ရဲ့ ပြတင်းပေါက် အပြင်ဘက်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံများနဲ့ ဝေဟင်ဓါတ်ပုံများကို ပေါင်းစပ် ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

ref : dailymail

%d bloggers like this: