141 Shares 48 Views

Selfie ကနေ 3D Face များ ဖန်တီးပေးနိုင်တဲ့ AI Program

Sep 15, 2017
141 48

Nottingham နဲ့ Kingston University တို့မှ ဥာဏ်ရည်တု နည်းပညာ ကျွမ်းကျင်သူများက Machine Learning ကို အသုံးပြု၍ ၂ ဖက်မြင် မျက်နှာ ဓါတ်ပုံများကနေ ၃ ဖက်မြင် မျက်နှာ ဓါတ်ပုံများ အဖြစ် ပြောင်းလဲပေးတဲ့ AI Program တစ်ခုကို တီထွင်လိုက်ပါတယ်။

သုတေသနပညာရှင်များက AI Program အား လူပေါင်းများစွာရဲ့ မျက်နှာ ဒေတာများစွာဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။ AI Program က ဓါတ်ပုံမှာ မပါတဲ့ မျက်နှာ အစိတ်အပိုင်းများကို မှန်းဆတွက်ချက်ပေးနိုင်ပါတယ်။

သူတို့ရဲ့ 3D Face ကို မှန်းဆတဲ့ နည်းပညာဟာ အလွန် အစွမ်းထက်ပြီး မှန်ကန်တိကျတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ AI Program ကို စမ်းသပ်ချင်ရင် ဒီလင့်ကို သွားပါ။ ဒါပေမယ့် အဲဒီ ၀က်စာမျက်နှာမှာ ပညာရှင်များက နည်းပညာအားလုံးကို ထည့်သွင်းပေးထားခြင်း မရှိပေမယ့် အလွန် အစွမ်းထက်ပါတယ်။

တီထွင်သူများထဲမှာ Aaron S. Jackson, Adrian Bulat, Vasileios Argyriou နဲ့ Georgios Tzimiropoulos တို့ ပါဝင်ပြီး သူတို့ဟာ အီတလီနိုင်ငံ ဗင်းနစ်မှာ လာမယ့်လမှာ ကျင်းပမယ့် International Conference on Computer Vision မှာ သူတို့ရဲ့ နည်းပညာကို ပြသကြမှာ ဖြစ်ပါတယ်။

Aaron Jackson က “ သင့် မျက်နှာကို 3D ဖြင့် ကြည့်ရတာ ပျော်စရာကောင်းတယ်လို့ ထင်တဲ့အတွက် ကျွန်တော် အဲဒါကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ “ လို့ The Next Web ကို အီးမေးကနေ ပြောပြပါတယ်။

ref : tnw

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category