928 Shares 735 Views

Apple Face ID အား စိုးရိမ်မှုများ ဖြစ်ပေါ်နေ

Sep 15, 2017
928 735

Apple က မျက်နှာအာရုံခံ လုံခြုံရေး စနစ်ကို iPhone X နဲ့အတူ အင်္ဂါနေ့က မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ နည်းပညာဟာ ပိုင်ရှင် ဖြစ်သူက ဖုန်းမှာ သူ့ရဲ့ မျက်နှာကို မှတ်ပုံတင်ထားရခြင်း ဖြစ်ပြီး ဖုန်းက ပိုင်ရှင်ရဲ့ မျက်နှာကို မှတ်မိပါတယ်။ ပိုင်ရှင်ရဲ့ မျက်နှာကို ဖုန်း ကင်မရာကနေ ခွဲခြမ်းစိတ်ဖြာပြီးမှ ဖုန်းကို Unlock လုပ်ပေးပါတယ်။ အဲဒီအတွက် Passcode များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု မရှိတော့ပါဘူး။ ဒါပေမယ့် အဲဒီ နည်းစနစ်ဟာ အားနည်းချက်များ ရှိနေပြီး ဖုန်းမှ ဒေတာများကို ခိုးယူချင်သူများအတွက် လွယ်ကူစေတယ်လို့ အမေရိကန် အာဏာပိုင်များ အပါအ၀င် ပညာရှင်များက ပြောပါတယ်။

လူမှုကွန်ရက်မှ လူများစွာကလည်း ရဲများရဲ့ ထိန်းသိမ်းမှု ခံရသူများအတွက် သူတို့ရဲ့ iPhone X မှ ဒေတာများကို ရဲများက ရယူချင်ရင် Face ID က အလွန် လွယ်ကူစေတဲ့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြပါတယ်။ ရဲများက ဖုန်း ကင်မရာကို သင့်မျက်နှာအား ချိန်ရွယ်လိုက်တာနဲ့ သင့်ဖုန်းကို Unlock လုပ်ပေးမှာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်အမတ် AI Franken က Face ID ရဲ့ သတင်းအချက်အလက်များနဲ့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာများကို မေးမြန်းထားတဲ့ စာတစ်စောင်ကို Tim Cook ထံပေးပို့ခဲ့ပါတယ်။ အဲဒီစာမှာ “ လူတစ်ဦးက ဖုန်းကို ပိုင်ရှင်ရဲ့ မျက်နှာအား ချိန်ရွယ်လိုက်တဲ့အခါမှာ iPhone X ကို Unlock လုပ်ခြင်းမှ ကာကွယ်ပေးအောင် Apple က ဘယ်လိုလုံခြုံရေးစနစ်ကို အသုံးပြုထားသလဲ
? တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များက Users များနဲ့ Face ID ဒေတာများကို တောင်းယူရင် Apple က ဘယ်လိုတုန့်ပြန်မလဲ? “ စတဲ့ စာသားများ ပါဝင်ပါတယ်။

ref : tnw

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category