318 Shares 180 Views

ဘက်ထရီ မလိုတဲ့ ဖုန်း

Sep 14, 2017
318 180

Vamsi Talla ဆိုသူ တီထွင်ထားတဲ့ ဘက်ထရီ မလိုဘဲ ဖုန်းပြောနိုင်တဲ့ ဖုန်းကို Jeeva Wireless မှာ ပြသလိုက်ပါတယ်။ သူက ပတ်ဝန်းကျင်မှ စွမ်းအင်များကို ရယူ အသုံးပြုနိုင်ပါတယ်။ အဲဒီဖုန်းကို တီထွင်ဖို့ U.S. National Science Foundation ကလည်း ဒေါ်လာ ၂ သန်း ရင်းနှီးမြှပ်နှံထားပါတယ်။ အဲဒီဖုန်းဟာ Google Faculty Research Program ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဖုန်းက ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းများကနေ စွမ်းအင်ကို ရယူ အသုံးပြုနိုင်ပါတယ်။ သူ့မှာ Backscattering နည်းပညာ ပါရှိပြီး ဒီနည်းပညာက Base Station မှ ရေဒီယိုလှိုင်းများကို မွမ်းမံခြင်း၊ ရောင်ပြန်ဟပ်ခြင်းဖြင့် ဖုန်းပြောနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဘက်ထရီ မလိုတဲ့ ဖုန်းဟာ 3 microwatts power ကိုသာ အသုံးပြုပြီး လက်ရှိ စမတ်ဖုန်းများ အသုံးပြုတဲ့ စွမ်းအင် ပမာဏထက် အဆပေါင်း ၁၀၀၀ လောက် နည်းပါးပါတယ်။ အဲဒီ ဖုန်းဟာ Skype ကနေတောင် ဖုန်းပြောနိုင်တယ်လို့ သိရပါတယ်။ Talla က Board တစ်ခုထဲကို အသုံးပြု၍ အဲဒီ ဖုန်းကို တီထွင်ထားခြင်း ဖြစ်ပါတယ်။

တီထွင်သူက ဘက်ထရီ မပါတဲ့ ဖုန်း နည်းပညာကို အနာဂတ်မှာ စမတ်ဖုန်းများမှာ ထည့်သွင်းလာကြမယ်လို့ မျှော်လင့်ထားပါတယ်။ သူက ဘက်ထရီ မပါတဲ့ ဖုန်းမှာ စမတ်ဖုန်းရဲ့ ဖန်ရှင်များကို အသုံးပြုနိုင်ဖို့ E-Ink Display တပ်ဆင်ဖို့ ကြိုးစားနေပါတယ်။

ref : techcrunch

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category