373 Shares 344 Views

မော်ဒယ် ၃ မျိုး ထွက်ရှိလာမယ့် Huawei Mate 10

Sep 14, 2017
373 344

Huawei Mate 10 ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက ထုတ်ဖော်ကြေညာပြီးပါပြီ။ အခုတော့ Huawei ရဲ့ ထုတ်ကုန်များကို ဖြန့်ချီပေးနေတဲ့ ကုမ္ပဏီတစ်ခုက Huawei Mate 10 Model ၃ မျိုး ရှိတယ်လို့ ပြောပါတယ်။ မော်ဒယ် ၃ မျိုးဟာ Mate 10 , Mate 10 Pro , Mate 10 Lite တို့ ဖြစ်ပါတယ်။ Mate 10 Pro မှာ Full Screen Display တပ်ဆင်ထားပြီး Mate 10 Lite ကတော့ ဈေးနှုန်း ချိုသာတဲ့ မော်ဒယ် ဖြစ်ပါတယ်။

Huawei က Mate 10 Pro မှ Full Screen ကို EntireView Display လို့ အမည်ပေးထားပါတယ်။ မျက်နှာပြင်မှာ AMOLED အမျိုးအစား ဖြစ်ပါတယ်။ အနောက်ဘက်မှာ Leica ရဲ့ ကင်မရာ ၂ လုံး တပ်ဆင်ထားနိုင်ပါတယ်။ အရှေ့ဘက်မှာ EntireView Display ကြောင့် နေရာ မရှိတဲ့အတွက် လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ ။ နောက်ဆုံးထုတ် Kirin 970 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

Mate 10 မှာ ၅.၉ လက်မ Full HD IPS LCD Display တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အနောက်ကင်မရာများက Mate 10 Pro နဲ့ တူညီပါတယ်။ ကွာခြားချက်က Home Button အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားခြင်း ဖြစ်ပါတယ်။ Mate 10 Lite မှာ ၅.၉ လက်မ Full HD Display နဲ့ Leica ရဲ့ ကင်မရာများ ပါလာနိုင်ပါတယ်။

ref : gsmarena

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category