0 Shares 81 Views

ဆယ်စုနှစ်ကြာပျောက်သွားတဲ့ ချက်ချင်းရိုက် ချက်ချင်းပုံထွက်တဲ့ Polaroid Camera ကို ပုံစံတူတဖန်ပြန်လုပ်၍ နည်းပညာမြှင့်ပြီး စတင်ရောင်းချ

ဆယ်စုနှစ်တခုကျော်ကြာပျောက်သွားပြီးမှ ပြန်အသက်အသွင်းလိုက်တဲ့ Polaroid Photography လို့ ခေါ်တဲံ စက္ကန့်ပိုင်းအတွင်း ဓာတ်ပုံချက်ချင်းထုတ်ပေးတဲ့ ကင်မရာကို ပြန်လည်ရောင်းချပြီဖြစ်ပါတယ်။Device အသစ်တွေကို အသုံးပြုပြီး နည်းပညာအဟောင်းနဲ့ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။

Original ပထမဆုံးကင်မရာက 1977 မှာထွက်ရှိခဲ့တာဖြစ်ပြီး အခြေခံပုံစ့တူအောင် ယခုအသစ်ကို ပြန်တည်ဆောက်ထားတာဖြစ်ပါတယ်။Cream-Colored Casing,Shutter Button အနီရောင် ခလုပ်ကြီးတခုနဲ့ သက်တန့်ရောင် တံဆိပ်ကို ပြန်လည်အသုံးပြုထားပါတယ်။

ဖလင်တလိပ်မှာ ပုံ ၈ပုံရိုက်လို့ရပေမယ့် ပုံသောင်းချီရိုက်ပြီး ဖုန်းတလုံးထဲ သိမ်းဆည်းထားတထက် သင့်ကိုယ်ရေးကိုယ်တာတွေကို ပိုလုံခြုံစေမှာ ဖြစ်ပါတယ်။အရင်က ကင်မရာအဟောင်းကို I-1 လို့ ခေါ်ပြီး ယခုထပ်ထုတ်လိုက်တဲ့အသစ်ကို i-Type လို့ခေါ်ပါတယ်။ဖလင်ဗူးကို တဗူး $ 16 ကျပ်နဲ့ ဈေးသက်သက်သာသာရောင်းချပေးမှာဖြစ်တဲ့အတွက် အရင် ကင်မရာလို စရိတ်စက မများတော့ပါဘူး။ပုံထါက်လဲကောင်းမွန်သလို ထွက်လာလာချင်းပုံကို လှုပ်ခါပေးမှ ဆေးသားရောင်စုံကာ စိုပြေမှာဖြစ်ပြီး လက်ဟောင်းကင်မရာ အသုံးပြုရသလိုပါပဲ။

ရောင်းဈေးအနေနဲ့ $ 100 ဖြစ်ပြီး မြန်မာပြည်ကိုရောက်လာမယ်ဆိုရင်  မြန်မာငွေနဲ့ဆို 135000 ကျပ် ဝန်းကျင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။

ပြည်ပကို နောက်လထဲမှာ တင်ပို့ဖို့ လုပ်ထားပြီး ပြည်တွင်းဈေးကွက်ကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

ref:engadget

You may be interested

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares39 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Apple, NEWS
398 shares86 views

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook

Nwe Oo Thant - Apr 22, 2018

Apple က iOS နဲ့ Mac OS ကိုပေါင်းမယ်ဆိုရင် developer တွေအနေနဲ့ iPhone, iPad, Macbook သုံးမျိုးလုံးမှာသုံးလို့ရမယ့် application ဗားရှင်းတစ်မျိုးထုတ်လို့ရမယ်လို့ bloomberg ကပြောခဲ့ဖူးပါတယ်။ ဒီ app က touch screen နဲ့ပဲဖြစ်ဖြစ်…

Leave a Comment

Most from this category