159 Shares 160 Views

Vivo အနေဖြင့် ထုတ်ကုန်သစ် V7+ ကို ယခုလအတွင်း မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရ

Sep 14, 2017
159 160

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက Vivo အနေဖြင့် ထုတ်ကုန်သစ် V7+ ကို မိတ်ဆက်ရောင်း ချတော့မည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အဆိုပါ V7+ ကို ပြည်တွင်းဈေးကွက်၍ ယခုလအတွင်း မိတ်ဆက်ပေးမည်ဟုလည်း သိရပါသည်။

ထို့ကြောင့် Vivo အနေဖြင့် 20MP Softlight Camera ပါဝင်သည့် V5 ကို ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိရောင်းချပြီး ၈ လကျော် ကွာခြားသည့်အချိန်အတွင်း နောက်ထပ် ထုတ်ကုန်သစ်ကို ထပ်မံဖြန့်ချိရောင်းချခြင်း ဖြစ်သည်ဟု ဆိုရပါမည်။

Vivo အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်သစ်ကို ယခုလအတွင်းမှာပင် ခမ်းနားသိုက်မြိုက်စွာဖြင့် မိတ်ဆက်ပေးနိုင်ရန်အတွက် product launching ကို စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရပါသည်။

ယခု တစ်ကြိမ် မိတ်ဆက်ရောင်းချမည့် ထုတ်ကုန်သစ် V7+ မှာ ယခင် V5 series ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များ၊ Feature များပါဝင်လာမည်ဖြစ်ပြီး သုံးစွဲသူအားလုံး နှစ်ခြိုက်ကြမည်ဟု ယုံကြည်ထားကြောင်းလည်း Vivo မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟပြောဆိုခဲ့ပါသည်။

ယခုတစ်ကြိမ် မိတ်ဆက်ရောင်းချမည့် V7+မှာ High end product ဖြစ်ကြောင်း Vivo က အတည်ပြုခဲ့ပါသည်။ ထို့အပြင် Vivo အနေဖြင့် အဆိုပါ ထုတ်ကုန်ကို နောက်ထပ်တစ်ဆင့် မြင့်မားလာမည့် စမတ်ဖုန်းအသုံးပြုမှု အတွေ့အကြုံများပေးအပ်ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

FullViewTM Display ဖြစ်သည့် V7+ သည် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့်အောက်တွင်လည်း နေရာလွတ် အနည်းငယ်သာ ချန်လှပ်ထားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မျက်နှာပြင် အကျယ်အ၀န်းသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပါသည်။

#Vivo

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category