11324 Shares 17217 Views

Apple မှ ဈေးချပေးလိုက်တဲ့ iPhone Models များကို ဈေးနှုန်းများဖော်ပြ

Sep 13, 2017
11324 17217

Apple မှ iPhone 8,iPhone 8 Plus,iPhone X တို့ကလွဲရင် အရင်က ထွက်ရှိထားတဲ့ Models တွေကို ဈေးချပေးလိုက်တယ်လို့သိရပါတယ်။ဒီလိုဈေးချပေးထားတဲ့ဖုန်းအမျိုးအစားနဲ့ လက်ရှိထွက်တဲ့ ဖုန်းတွေရဲ့ ဈေးနှုန်းကို အစဉ်လိုက်ဖော်ပြပေးခဲ့ပါတယ်။

4-inch ဆိုဒ်ရှိတဲ့ iPhone SE ရဲ့ လျှော့ချတဲ့ ဈေးနှုန်းအသစ်က ဝယ်ယူသူတွေအနေနဲ့ ထိုက်တန်မှုရှိတယ်လို့ဆိုရမှာပါ။iPhone SE ရဲ့ 32GB version ကို $349 ရောင်းချသလို 128GB ကို $ 449 နဲ့ စတင်ရောင်းချလိုက်ပါတယ်။

iPhone 6s နဲ့ iPhone 6s Plus တို့ဟာ အလယ်အလတ်တန်းစားထက်အနည်းငယ်ပိုမြင့်တဲ့ Device တွေဖြစ်ပြီး 32 နဲ့ 128 GB ဆိုပြီး ထွက်ရှိတာဖြစ်ပါတယ်။iPhone 6s ကို $449 နဲ့ ရောင်းချပြီး iPhone 6s Plus ကို $ 549 နဲ့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။

iPhone 7 နဲ့ iPhone 7 Plus မှာလည်း 32 နဲ့ 128 GB ရှိပြီး iPhone 7 ကို $ 549 နဲ့ရောင်းချပြီး 7 Plus ကို $669 နဲ့ရောင်းချတာဖြစ်ပါတယ်။

iPhone 8 ရဲ့ ဈေးနှုန်းက 64 GB အတွက် $699 ဖြစ်ပြီး 256 GB က $ 849 ဖြစ်ပါတယ်။iPhone ရဲ့ Upgrade Program အတွက် တစ်လကို 34.50 ဒေါ်လာကျသင့်မှာဖြစ်မှာဖြစ်ပါတယ်။

iPhone X ကို ပြည်ပရောင်းဈေးအနေနဲ့ 64GB $999 နဲ့ရောင်းချပြီး 256GB ကို $1149 ရောင်းချတာဖြစ်ပါတယ်။64 GB အတွက် upgrade program ဟာ တစ်လကို $ 49.91 ဖြစ်ပါတယ်။

256 GB အတွက် upgrade program က $ 56.16 ဖြစ်ပါတယ်။

 

Ref;Mac News

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares17 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Leave a Comment

Most from this category