251 Shares 97 Views

iOS 11 နဲ့ watchOS 4 ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ချီမည်

Sep 13, 2017
251 97

Apple က iOS 11 နဲ့ watchOS 4 ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကမ္ဘာအ၀န်းအတွက် ဖြန့်ချီမယ်လို့ ကြေညာလိုက်ပါတယ်။ iOS 11 မှာ iPhone , iPad များအတွက် Customize လုပ်နိုင်တဲ့ Control Center ၊ ပိုမို စွမ်းရည်မြင့်မားလာတဲ့ Siri ၊ Live Photo Modes များ၊ ကီးဘုတ်အတွက် One-Handed Mode များ အပါအ၀င် စွမ်းဆောင်ချက် အသစ်များ ပါလာပါတယ်။

iPad အတွက် iOS 11 မှာ သီးခြား စွမ်းဆောင်ချက်များ ပါလာပါတယ်။ iPad Pro မှာ Multitasking နဲ့ Split View App Support များ ပိုမို တိုးတက်ကောင်းမွန်လာပါတယ်။ Files App အသစ်က Apps များအကြားမှာ ဖိုင်များ မျှဝေရာမှာ ပိုမို အဆင်ပြေလာပါတယ်။ Drag & Drop ကိုလည်း သုံးနိုင်ပါပြီ။ iPad Pro မှာ macOS မှာလို Dock အသစ် ပါလာပြီး App or Screen တိုင်းကနေ သူ့ကို သုံးနိုင်ပါတယ်။

watchOS 4 မှာ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး စွမ်းဆောင်ချက် အသစ်များ ပါလာပါတယ်။ Apple Watch က သင့်နှလုံးခုန်နှုန်းကို အသေးစိတ် စောင့်ကြည့်ပေးနိုင်ပြီး မူမမှန်မှုများကို သတိပေးနိုင်ပါတယ်။ အနာဂတ်မှာ ဒီ စွမ်းဆောင်ချက်က နှလုံးရောဂါများကို အဖြေရှာရာမှာ ကူညီနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

4G LTE ပါတဲ့ Watch Series 3 မှာ ဖုန်းနဲ့ ချိတ်ဆက်စရာ မလိုဘဲ Apple Music မှ သီချင်းများကို နားဆင်ခြင်း၊ ဖုန်းပြောခြင်းများကို ပြုလုပ်နိုင်ပါတယ်။

iOS 11 ကို ရရှိမယ့် Devices များကတော့
• iPhone 5S နဲ့ နောက်ပိုင်းထုတ်များ
• iPad Air အားလုံး
• iPad Pro အားလုံး
• iPad mini 2 နဲ့ နောက်ပိုင်းထုတ်များ
• iPad (2017)
• iPod touch (6th generation)

ref : gsmarena

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares30 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares32 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category