191 Shares 120 Views

Apple က TV 4K ကို မိတ်ဆက်

Sep 13, 2017
191 120

Apple က အင်တာနက် အခြေပြု ရုပ်ရှင်၊ ဗီဒီယို၊ တီဗီရှိုးများကို တီဗီမှာ ထုတ်လွှင့်ပေးနိုင်တဲ့ TV 4K အမည်ရ Streaming Box ကို မိတ်ဆက်လိုက်ပါတယ်။ Apple TV 4K မှာ HDR နဲ့ Ultra HD တို့ကို ထောက်ပံ့ပေးတဲ့အတွက် Netflix နဲ့ Amazon တို့မှ အဲဒီ Content များကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

Apple TV 4K မှာ အားကစားကနေ သတင်းများအထိ Live Media များကိုလည်း ကြည့်နိုင်ပါတယ်။ Apple TV App ကိုလည်း တိုးချဲ့ဖြန့်ချီပေးနေပြီး ယခုလနှောင်းပိုင်းမှာ သြစတြေးလျနဲ့ ကနေဒါမှာ အသုံးပြုနိုင်မှာပါ။ ယခုနှစ်နှောင်းပိုင်းမှာ နိုင်ငံ ၅ ခုအတွက် ဖြန့်ချီပေးမှာပါ။ အဲဒီ App ကို iPhone, iPad များမှာလည်း သုံးနိုင်ပါတယ်။ Apple TV ကနေ HomePod စပီကာကို ထိန်းချုပ်နိုင်ပါတယ်။

Apple TV 4K မှာ Apple A10X Fusion Chipset ထည့်သွင်းထားပြီး ယခင်မော်ဒယ်ထက် CPU စွမ်းရည်ဟာ ၂ ဆနဲ့ GPU စွမ်းရည်ဟာ ၄ ဆ တိုးတက်လာပါတယ်။

Apple TV 4K ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီး ၂၂ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 32GB Model ကို ၁၈၀ ဒေါ်လာ၊ 64GB Model ကို ၂၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : gsmarena

You may be interested

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
60 shares8 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
333 shares50 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro
Huawei, NEWS
645 shares117 views

ဥရောပမှာရောင်းအားအမြန်ဆုံးစံချိန်ချိုးနိုင်ခဲ့တဲ့ Huawei Mate 10 Pro

Nwe Oo - Nov 24, 2017

Huawei Mate 10 Pro ကို ဂျာမနီနိုင်ငံမှာတော့ အောက်တိုဘာလ ၁၆ရက်နေ့က Huawei Mate 10 နဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ Mate စီးရီးက Samsung Galaxy Note 8 နဲ့…

Leave a Comment

Most from this category