633 Shares 427 Views

Samsung မှ ခေါက်လို့ရတဲ့ Screen အပျော့စားနဲ့ Flexible Display Phone ကို နောက်နှစ်မှာ ထွက်ရှိမည်ဟု ပြောကြား

နည်းပညာသစ်တွေက တခါတရံမှာ မမျှော်လင့်ထားတဲ့ ထူးဆန်းအံ့သြဖွယ်မျိုးပေးတတ်ပါတယ်။အချို့အရာတေါက လိုအပ်ချက်နဲ့ ထပ်တူမကျလို့ ပျောက်ကွယ်သွားတာမျိုးရှိတတ်ပါတယ်။

အင်္ဂါနေ့က Bloomberg က လုပ်တဲ့ပွဲမှာ Samsung Electronics ရဲ့ Mobile ဥက္ကဋ္ဌဖြစ်သူ Koh Dong-jin က ကုမ္မဏီရဲ့ အနာဂတ်အစီအစဉ်နဲ့ပတ်သက်ပြီး Samsung ဟာ နောက်နှစ်ထဲ ခွေခေါက်လို့ရတဲ့ Screen အပျော့ပုံစံ flexible display ကို ဖုန်းအနေနဲ့ ထုတ်မှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။အဆိုပါ ပြောင်းလဲမှုဟာ နည်းပညာလောကအတွက်ရော အသုံးပြုသူတွေအနေနဲ့ပါ ကြီးမားတဲ့ ပြောင်းလဲမှုတရပ်အဖြစ်မြင်တွေ့ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Samsung ရဲ့ ပထမဆုံး OLED flexible display ကို 2013 မှာထုတ်ခဲ့တာဖြစ်ပြီး “Youm” လို့ခေါ်ပြီး နှစ်ကြာတဲ့အထိ လုပ်ဆောင်မှုမပြည့်စုံလို့ မထွက်ခဲ့တာဖြစ်ပါတယ်။ကြားကာလမှာ ပုံစံအမျိုးမျိုးနဲ့ ဖုန်းဒီဇိုင်းတွေထွက်ရှိခဲ့ပြီး အလှကုန်ဗူးပုံစံမျိုး ဖုန်းကို ထုတ်လုပ်ခြင်းတွေပါ ရှိခဲ့ပါတယ်။

ခေါက်လို့လွယ်တဲ့ Screen ရဲ့ အားသာချက်ကတော့ လက်ထဲကလွတ်ကျတဲ့ စားပွဲပေါ်က ရုတ်တ၇က်ပြုတ်ကျတဲ့အခါ Screen အနေနဲ့ ထိခိုက်မှုရှိမှာမဟုတ်ပါဘူး။နေရာအတွက်လဲ တကူးတကစိတ်ပူစရာမဆိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဘယ်နေရာမှာမဆို ထားရှိလို့ရတယ်ဆိုပါတယ်။LG ဟာလည်း အဆိုအပါ အစီအစဉ်နဲက ပတ်သက်ပြီး အကောင်အထည်ဖော်မှုတွေရှိနေပြီး ဈေးကွက်ထဲကို ဘယ်သူအရင်ဝင်လာမလဲ ခန့်မှန်းလို့မရသေးပါဘူး။Samsung စပီကာနဲ့ အခြား hardware တွေကိုတော့ ဘေးဘောင်မှာဖြစ်ဖြစ် အပေါ်အောက်နေရာမှာဖြစ်ဖြစ်ထားရှိမှာ ဖြစ်ပြီး screen ကို အပါးလွှာအပေါ့ပါးဆုံး ခေါက်လို့ရအောင်ပြုလုပ်မယ်လို့ သိရပါတယ်။

နည်းပညာဟာ ပြိုင်ဆိုင်မှုပြင်းထန်လာပြီး အသစ်သစ်သော တိုးတက်ပြောင်းလဲမှုတွေက မနက်ဖြန်တိုင်းမှာ ရောက်ရှိလာနေမှာ ဖြစ်ပါတယ်။

Ref; [Bloomberg]

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares17 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Leave a Comment

Most from this category