172 Shares 116 Views

Apple က Watch Series 3 စမတ်နာရီများကို မိတ်ဆက်

Sep 13, 2017
172 116

Apple က Watch Series 3 စမတ်နာရီ အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ eSIM ကနေတစ်ဆင့် ဆယ်လ်လူလာ ဆက်သွယ်မှုကို အသုံးပြုနိုင်ပါတယ်။ စမတ်နာရီမှ ဖုန်းနံပါတ်ကို iPhone နဲ့ မျှဝေ သုံးနိုင်ပါတယ်။ iPhone နဲ့ချိတ်ဆက်ထားခြင်း မရှိရင်တောင် စမတ်နာရီကနေ ဖုန်းပြောခြင်း၊ အင်တာနက် အသုံးပြုခြင်းများကို ပြုလုပ်နိုင်ပါတယ်။

W2 Chip အသစ်က စွမ်းအင် စားသုံးမှု နည်းပါးစွာဖြင့် ၀ိုင်ဖိုင် စွမ်းရည်ကို ၈၅ ရာခိုင်နှုန်း ပိုမို ကောင်းမွန်စေပါတယ်။ Dual Core Porcessor အသစ်က ယခင်မျိုးဆက်ထက် ၇၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပြီး Siri နဲ့ စကားပြောဖို့ ပိုမို အဆင်ပြေလာပါတယ်။

ဆယ်လ်လူလာ ဆက်သွယ်မှုပါတဲ့ မော်ဒယ်ကို ၃၉၉ ဒေါ်လာနဲ့ မပါတဲ့ မော်ဒယ်ကို ၃၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ စမတ်နာရီ အသစ်များမှာ လှေခါးတက်တဲ့ ခြေလှမ်းများကို တိုင်းတာပေးတဲ့ Barometer ပါပါတယ်။ အရွယ်အစားကတော့ Watch Series 2 နဲ့ တူညီပါတယ်။ ရွှေ အလူမီနီယမ်နဲ့ ပြောင်လက်တဲ့ အနက်ရောင် စတဲ့ အရောင် အသစ် ၂ ခုကို ထုတ်လုပ်ပေးထားပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီး ၂၂ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

စမတ်နာရီများနဲ့အတူ Watch OS 4 ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ချီမှာ ဖြစ်ပြီး အားကစားသမားများအတွက် စမတ် နည်းပြ စွမ်းဆောင်ချက်နဲ့ ရေကူးခြင်းကို တိုင်းတာပေးတဲ့ စွမ်းဆောင်ချက်များ ပါလာပါတယ်။ နှလုံးကျန်းမာရေးကို စောင့်ရှောက်တဲ့ စွမ်းဆောင်ချက် အပိုများ ထည့်ပေးထားပြီး နှလုံး မူမမှန်ပါက အသံဖြင့် သတိပေးနိုင်ပါတယ်။

ref : gsmarena

You may be interested

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
117 shares19 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်
Google, NEWS
250 shares70 views

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

Nigma - Dec 11, 2018

(Zawgyi) ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google+ ဟာ Security Bug တခုကြောင့် အသုံးပြုသူ သန်းတဝက်ရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ပြီးနောက် Google+ Consumer Version ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း…

Leave a Comment

Most from this category