671 Shares 391 Views

Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ကြေညာ

Sep 13, 2017
671 391

Apple က ၄.၇ လက်မ iPhone 8 နဲ့ ၅.၅ လက်မ iPhone 8 Plus တို့ကို ကြေညာလိုက်ပါတယ်။ ဖုန်းများရဲ့ အရှေ့နဲ့ အနောက်ဘက်ကို ဖန်များဖြင့် အုပ်ထားတဲ့ ဒီဇိုင်းအသစ်ကို အသုံးပြုထားပါတယ်။ ဖုန်းများမှာ နောက်ဆုံးထုတ် Apple A11 Bionic Six-Core Chipset နဲ့ ကင်မရာ အသစ်များ ထည့်သွင်းထားပါတယ်။ ရေစိုခံတဲ့ စွမ်းရည် ပါပြီး 3D Touch ကိုလည်း သုံးနိုင်ပါတယ်။

iPhone 8 Model ၂ လုံးရဲ့ ဒီဇိုင်းဟာ ယခင် iPhone 7 များနဲ့ တူညီပါတယ်။ မော်ဒယ်အသစ်များအတွက် ငွေ၊ အညိုနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Jet Black အရောင်တော့ မထွက်ရှိသေးပါဘူး။ ကင်မရာများဟာ 12MP များဖြစ်ပြီး 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။

ဖုန်း ၂ လုံးရဲ့ အနောက်ဘက်မှာ အဓိက ကင်မရာ အနေဖြင့် 12MP Camera ၁ လုံး ထည့်သွင်းထားပြီး iPhone 8 Plus မှာတော့ 12MP Telephoto Camera ၁ လုံး အပိုပါပါတယ်။ iPhone 8 Plus ရဲ့ Telephoto Lens မှာ Portrait Lighting စွမ်းဆောင်ချက် အသစ်ပါပါတယ်။ ဓါတ်ပုံ ရိုက်ကူးပြီးမှ Effect များကို ချိန်ညှိနိုင်ပါတယ်။

A11 Bionic Chip မှာ ယခင် A10 Fusion ထက် ၂၅ ရာခိုင်နှုန်း ပိုမို မြန်တဲ့ စွမ်းရည်မြင့် Core ၂ လုံး ပါပါတယ်။ အခြား Core ၄ လုံးဟာ စွမ်းအင် သက်သာစေပြီး A10 Fusion မှ စွမ်းအင် သက်သာစေတဲ့ Core ၂ လုံးထက် ၇၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Qi Wireless Charging နဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ စွမ်းရည်များ ပါပါတယ်။ ကြိုးဖြင့် အားသွင်းရင် ၃၀ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

ဖုန်း ၂ လုံးကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရောင်းချမှာပါ။ ဖုန်း ၂ လုံးအတွက် 64GB နဲ့ 256GB Model များ ထုတ်လုပ်ပေးထားပါတယ်။ 64GB iPhone 8 ကို ၆၉၉ ဒေါ်လာနဲ့ 64GB iPhone 8 Plus ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : gsmarena

You may be interested

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
0 shares0 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ

Nwe Oo Thant - Feb 22, 2018

[Zawgyi] အခုဆိုရင် Mobile World Congress 2018 ပွဲကျင်းပဖို့ Samsung Galaxy S9 နဲ့ S9 Plus တွေတရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းလေးလောက်ပဲလိုပါတော့တယ်။ တကယ်ဖုန်းလေးရဲ့ ပုံစံကိုအပြင်မှာ မြင်ချင်နေကြတဲ့သူတွေရှိမှာပါ။ အခုဒီဖုန်းလေးတွေက ဘာစီလိုနာမှာကျင်းပမယ့်ပွဲအတွက် ဘာစီလိုနာဆီရောက်လာခဲ့ပါပြီ။ အခုအောက်မှာဖော်ပြလိုက်တဲ့ပုံကတော့ တစ်စုံတစ်ယောက်…

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?
Chipset, FEATURES
86 shares132 views

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?

Nwe Oo Thant - Feb 22, 2018

[Zawgyi] Motherboard ဆိုတဲ့စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့် motherboard တစ်လုံးဘယ်လိုအလုပ်လုပ်သလဲဆိုတာက?? Motherboard ကို ကုမ္ပဏီကြီးတစ်ခုရဲ့ရုံးချုပ်အနေနဲ့စဉ်းစားကြည့်လိုက်ရအောင်။  ရုံးချုပ်ဆိုတာမျိုးမရှိရင် အလုပ်သမားတွေကိုတာဝန်တွေဘယ်သူက ခွဲဝေပေးမလဲ? ဒီလိုပါပဲ ကွန်ပျူတာတစ်လုံးရဲ့အချက်အခြာကလည်း motherboard ဖြစ်ပြီး ကွန်ပျူတာတစ်လုံးမှာရှိသမျှအရာတွေကို ချိတ်ဆက်ပေးထားပါတယ်။ ဒါဆို motherboard ဆိုတာဘာလဲ? Motherboard…

Leave a Comment

Most from this category