86 Shares 359 Views

Sex Robot များက လူသတ်သမားများ ဖြစ်လာနိုင်

Sep 12, 2017
86 359

လူသားတွေအတွက် နောက်ဆုံးပေါ် ခြိမ်းခြောက်မှုက နယူးကလီးယား လက်နက်များ၊ ရာသီဥတု ပြောင်းလဲမှုများ မဟုတ်တော့ပါဘူး။ Sex Robots များ ပါပဲ။ အနာဂတ် Sex Robots များမှာ လက်နက်များ၊ ဓါးများကို တပ်ဆင်လာနိုင်ကြမှာပါ။

ဆိုင်ဘာ လုံခြုံရေး ပညာရှင် ဒေါက်တာ Nick Patterson က မကြာခင်ကပဲ သူ့ရဲ့ Sex Robots များနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုကို ပြောကြားခဲ့ပါတယ်။ သူက ဟက်ကာများဟာ Sex Robots များကို ထိန်းချုပ်၍ လူသတ် သမားအဖြစ် အသုံးချလာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ သူက “ ဟက်ကာများဟာ Sex Robots များကို ဟက်ခြင်းဖြင့် စက်ရုပ်ရဲ့ ခြေထောက်များ၊ လက်များနဲ့ ဓါးတို့လို တပ်ဆင်ထားတဲ့ ကိရိယာများကို အပြည့်အ၀ထိန်းချုပ်နိုင်ပါတယ်။ အဲဒီ စက်ရုပ်များဟာ ပေါင် ၂၀၀ အထိ အလေးချိန်ရှိနိုင်ပြီး အလွန် သန်မာပါတယ်။ “ လို့ ပြောပါတယ်။

Elon Musk ကလည်း မကြာခင်က ဥာဏ်ရည်တု နည်းပညာဟာ နတ်ဆိုးကို ဖိတ်ခေါ်သလို ဖြစ်ပြီး လူသတ် စက်ရုပ် စစ်တပ်ကို တည်ထောင်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ Sex Robots များဟာ ဥာဏ်ရည်တု နည်းပညာ နယ်ပယ်မှာ အလွန် ရေပန်းစားလာနေပြီး ကုမ္ပဏီများစွာက အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ Abyss Creations မှ Matt McMullen တီထွင်တဲ့ ဒေါ်လာ ၁၅ ၀၀၀ တန် Harmony အမည်ရ Sex Robot ဟာ လူတွေပြောတဲ့ စကားကို နားလည်ပြီး တုန့်ပြန် ပြုမူနိုင်ပါတယ်။ သူမကို Porn Star တစ်ယောက်လို ဖန်တီးထားပါတယ်။

“ လာမယ့် ၅ နှစ်အတွင်းမှာ သူမဟာ ပုရိသများအကြားမှာ အလွန် ရေပန်းစားလာနိုင်ပါတယ်။ ကျွန်တော့် ရည်ရွယ်ချက်က လူတွေကို ပျော်ရွှင်စေဖို့ပါ။ “ လို့ McMullen က ပြောပါတယ်။ စိတ်ခံစားမှုပါတဲ့ Sex Robot များကိုတောင် ဖန်တီးနေကြပါပြီ။

ref : digitaltrends

You may be interested

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ

Nwe Oo Thant - Feb 22, 2018

[Zawgyi] အခုဆိုရင် Mobile World Congress 2018 ပွဲကျင်းပဖို့ Samsung Galaxy S9 နဲ့ S9 Plus တွေတရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းလေးလောက်ပဲလိုပါတော့တယ်။ တကယ်ဖုန်းလေးရဲ့ ပုံစံကိုအပြင်မှာ မြင်ချင်နေကြတဲ့သူတွေရှိမှာပါ။ အခုဒီဖုန်းလေးတွေက ဘာစီလိုနာမှာကျင်းပမယ့်ပွဲအတွက် ဘာစီလိုနာဆီရောက်လာခဲ့ပါပြီ။ အခုအောက်မှာဖော်ပြလိုက်တဲ့ပုံကတော့ တစ်စုံတစ်ယောက်…

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?
Chipset, FEATURES
86 shares93 views

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?

Nwe Oo Thant - Feb 22, 2018

[Zawgyi] Motherboard ဆိုတဲ့စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့် motherboard တစ်လုံးဘယ်လိုအလုပ်လုပ်သလဲဆိုတာက?? Motherboard ကို ကုမ္ပဏီကြီးတစ်ခုရဲ့ရုံးချုပ်အနေနဲ့စဉ်းစားကြည့်လိုက်ရအောင်။  ရုံးချုပ်ဆိုတာမျိုးမရှိရင် အလုပ်သမားတွေကိုတာဝန်တွေဘယ်သူက ခွဲဝေပေးမလဲ? ဒီလိုပါပဲ ကွန်ပျူတာတစ်လုံးရဲ့အချက်အခြာကလည်း motherboard ဖြစ်ပြီး ကွန်ပျူတာတစ်လုံးမှာရှိသမျှအရာတွေကို ချိတ်ဆက်ပေးထားပါတယ်။ ဒါဆို motherboard ဆိုတာဘာလဲ? Motherboard…

အိတ်ထောင်ထဲထည့်လိုက်ရုံနဲ့ကြိုးမဲ့အားသွင်းပေးမယ့် Snow-C စမတ်ဂျက်ကက်
Life Style, Tech Update
74 shares68 views

အိတ်ထောင်ထဲထည့်လိုက်ရုံနဲ့ကြိုးမဲ့အားသွင်းပေးမယ့် Snow-C စမတ်ဂျက်ကက်

Nwe Oo Thant - Feb 22, 2018

[Zawgyi] နောက်ဆုံးမှာတော့ တစ်နေ့တစ်ခြားအလုပ်တွေနဲ့မအားလပ်လာတဲ့လူတွေအတွက် ၂၁ရာစု ဂျက်ကတ် တွေကအသင့်ဖြစ်နေပါပြီ။ တစ်နေ့တစ်နေ့အားသွင်းကြိုးတွေနဲ့ရှုပ်ယှက်ခတ်နေစရာမလိုတော့အောင် SNOW-C စမတ်ဂျတ်ကတ်လေးရောက်လာပါပြီ။ ကိုယ့်ရဲ့အိတ်ကပ်ထဲမှာကြိုးမဲ့အားသွင်းတဲ့ charger လိုမျိုးလုပ်ပေးမှာဖြစ်ပေမယ့် ဘက်ထရီထည့်ထားတယ်လို့တော့ ခံစားရစေမှာမဟုတ်ပါဘူး။ တစ်နေ့တာအတွက်တော့ ဘက်ထရီကုန်မှာပူစရာမလိုတော့ဘူးပေါ့။ Wireless Charging Pockets ကြိုးမဲ့အားသွင်းနိုင်ဖို့အတွက် wireless charger တွေကို…

Leave a Comment

Most from this category