ဒီနေ့ခေတ် စမတ်ဖုန်းများရဲ့ အကောင်းဆုံး Features များ
ဒီနေ့ခေတ် စမတ်ဖုန်းများမှာ တစ်မူထူးခြားတဲ့ ကိုယ်ပိုင် စွမ်းရည်များ ပါလာကြပါတယ်။ အဲဒီအတွက် စမတ်ဖုန်းတစ်လုံး ၀ယ်ယူတဲ့အခါမှာ ဒီဇိုင်းကိုပဲ ကြည့်ရှု၍ မ၀ယ်ယူသင့်ဘဲ သင့်ရဲ့ အသုံးပြုမှုနဲ့ ကိုက်ညီတဲ့ ဖုန်းကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
iPhone 7 Plus ရဲ့ Zoom စွမ်းရည်
ယခုနှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ စမတ်ဖုန်းများရဲ့ ဓါတ်ပုံ ဖန်တီးမှု အရည်အသွေးဟာ မြင့်မားလာပါတယ်။ ဒါပေမယ့် iPhone 7 Plus ဟာ ဒုတိယ ကင်မရာရဲ့ အကူအညီဖြင့် ၂ ဆ Zoom ဆွဲနိုင်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်း ကင်မရာများရဲ့ Digital Zoom ဟာ ဓါတ်ပုံ အရည်အသွေးကို ကျဆင်းစေပါတယ်။ Apple က ဓါတ်ပုံ အရည်အသွေး မကျဆင်းစေဘဲ ဒီလို စွမ်းရည်မျိုး ဖန်တီးနိုင်အောင် ကင်မရာ ၂ လုံးနဲ့ ဆော့ဖ်ဝဲကို ပေါင်းစပ် ဖန်တီးပေးထားပါတယ်။
OnePlus 5 ရဲ့ Dash Charging
ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် ဖုန်းများမှာ လျှင်မြန်စွာ အားသွင်းပေးတဲ့ နည်းပညာဟာ မပါမဖြစ် ဖြစ်ပါတယ်။ OnePlus 5 ရဲ့ Dash Charger ကတော့ တစ်မူထူးခြားပါတယ်။ စမတ်ဖုန်းများကို လျှင်မြန်စွာ အားသွင်းပေးနိုင်ဖို့ Voltage နဲ့ Current ဟာ 5V နဲ့ ½ amps ထက် များရမှာ ဖြစ်ပါတယ်။ အများစုကတော့ Voltage ကို တိုးမြှင့်ပြီး Current ကို သာမာန်လောက်သာ ထားရှိကြပါတယ်။ Dash Charger က Voltage ကို 5V မှာ ထားပေမယ့် Current ကို 4 amps အထိ မြှင့်တင်ပေးထားပါတယ်။ Galaxy S8 ရဲ့ Qualcomm QuickCharge 3 အခြေပြု နည်းပညာက နာရီဝက်အားသွင်းရင်တောင် ၅၀ ရာခိုင်နှုန်းကိုသာ အားပြည့်စေပါတယ်။ OnePlus 5 ရဲ့ Dash Charging က နာရီဝက်အတွင်းမှာ ဖုန်းကို အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။
Samsung Galaxy S8 ရဲ့ 5G နီးပါး မြန်တဲ့ Gigabit LTE
၂၀၁၇ ခုနှစ်မှာတော့ Gigabit Mobile Internet Speed ပေါ်ထွက်လာပါတယ်။ သူက သီအိုရီအရ 1000Mbps or 125MB/s ကို ပံ့ပိုးပေးပါတယ်။ ဒါဟာ Qualcomm ရဲ့ x16 Modem ကြောင့်ဖြစ်ပြီး HTC U11 , Samsung Galaxy S8 , Sony Xperia XZ Premium တို့လို ဖုန်းများမှာ ထည့်ပေးထားပါတယ်။ အဲဒီဖုန်းများရဲ့ ဒေါင်းလုပ် အမြန်နှုန်းဟာ ဖုန်းများရဲ့ Internal Storage ကတောင် Write မလုပ်နိုင်လောက်အောင် လျှင်မြန်ပါတယ်။ ဒီအမြန်နှုန်းဟာ 5G နီးပါးရှိပါတယ်။ အမေရိကန်မှာ AT&T, T-Mobile , Sprint တို့က ယခုနှစ်ထဲမှာ Gigabit Speed ကို ပံ့ပိုးပေးဖို့ ပြောဆိုထားပါတယ်။
iPhone 7 ရဲ့ လက်တော့ အဆင့် Storage
ဖုန်းများဟာ စွမ်းရည်အပိုင်းမှာ လက်တော့များကို အမီလိုက်လာပါပြီ။ Storage အပိုင်းမှာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ iPhone 7 နဲ့ iPhone 7 Plus တို့မှာ လက်တော့များမှာလို 256GB Storage ကို ထည့်ပေးထားပါတယ်။ ဖုန်းများမှာ SSD Storage ကို အသုံးပြုကြပြီး ဖုန်းများမှာတော့ Memory Card ထက် အရွယ်သေးငယ်တဲ့ NAND Chips ကို အသုံးပြုကြပါတယ်။ ဖုန်းများမှာ ထည့်သွင်းနိုင်လောက်အောင် အရွယ်သေးတဲ့ ဒီလို Chips မျိုးကို ၂၀၁၆ ခုနှစ်မှာ SanDisk နဲ့ Samsung တို့က ဖန်တီးခဲ့ကြပါတယ်။ အဲဒီ Chips များရဲ့ Read Speed ဟာ 850MB/s ရှိတဲ့အတွက် စွမ်းဆောင်ရည်သင့် SSD များကို အမီလိုက်နိုင်ပါတယ်။
Huawei P10 ရဲ့ Fake Bokeh
အလင်းဝင်ပေါက်ကျယ်တဲ့ Camera Lens များကနေသာ ဖန်တီးနိုင်တဲ့ နောက်ခံကို Blur လုပ်ပေးတဲ့ Bokeh Effect ကို အနောက် ကင်မရာ ၂ လုံးပါတဲ့ အခုခေတ် စမတ်ဖုန်ုးများက ဖန်တီးပေးနိုင်ပါပြီ။ Huawei P10 နဲ့ iPhone 7 Plus က အနောက်ကင်မရာ ၂ လုံးနဲ့ ဆော့ဖ်ဝဲကို ပေါင်းစပ်၍ Bokeh Effect များကို ပံ့ပိုးပေးနိုင်ပါတယ်။ ရလဒ်ကလည်း အလွန် ကောင်းမွန်ပါတယ်။
Samsung Galaxy S8 ရဲ့ VR အတွက်တောင် လုံလောက်တဲ့ မျက်နှာပြင်
မျက်နှာပြင် အကောင်းဆုံး စမတ်ဖုန်းကို ပြပါဆိုရင် Samsung Galaxy S8 ကို ရွေးချယ်ရမှာပါ။ စွမ်းဆောင်ရည်မြင့် ဖုန်းများရဲ့ မျက်နှာပြင်များဟာ VR Headsets များကိုတောင် ယှဉ်ပြိုင်နိုင်ပါပြီ။ S8 ရဲ့ မျက်နှာပြင် Resolution ဟာ 2960×1440 ဖြစ်ပြီး HTC Vive ရဲ့ 2160×1200 ထက် သာလွန်နေပါတယ်။ Samsung ဟာ အကောင်းဆုံး မျက်နှာပြင်ပါတဲ့ ဖုန်းများကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ Galaxy S8 ရဲ့ မျက်နှာပြင်ဟာလည်း အရည်အသွေး အမြင့်ဆုံး ရုပ်ထွက်များကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ref : techradar
You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Ko Thuya - Apr 23, 2018New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Ko Thuya - Apr 23, 2018မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
Nwe Oo Thant - Apr 22, 2018နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…
Most from this category

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Nwe Oo Thant - Apr 22, 2018
Leave a Comment
You must be logged in to post a comment.