Laptop ပိုင်းမှာပါ Apple ရဲ့ ဒီဇိုင်းနဲ့ နာမည်ကိုယူပြီး ထွက်ရှိလာတဲ့ Xiaomi ရဲ့ Mi Notebook Pro

Xiaomi မှာ Laptop ဈေးကွက်ထဲကို အရင်နှစ်ထဲက Mi Notebook Air နဲ့ ဝင်လာပြီး Apple ရဲ့ MacBook ကို ဒီဇိုင်းယူသုံးခဲ့တာဖြစ်ပါတယ်။ဒီနှစ်ထဲမှာ တရုတ်ကုမ္မဏီတွေဟာ Apple ရဲ့ Macbook Pro အရွေ့လိုပဲ မိမိတို့ရဲ့ Mi Notebook Pro ဖြန့်ဖြူးဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဆိုပါ Mi Notebook Pro ဟာ 15.6-inch နဲ့ ကျဉ်းမြောင်းတဲ့ Bezel တွေ ပါဝင်ပြီး Intel နောက်ဆုံးပေါ် quad-core i7 processor ဖြစ်ပါတယ်။

RAM က 16GB RAM နဲ့ SSD storage u 1TB ဖြစ်ပြီး Nvidia GeForce MX150 graphics ဖြစ်ပါတယ်။

Fingerprint Sensor က တိကျတဲ့ မှတ်တမ်းကိုယူပေးမှာဖြစ်ပါတယ်။

3-in-1 card reader နဲ့ USB-C port နှစ်ခု၊သာမာန် USB port နှစ်ခုလဲ့ပါဝင်မှာဖြစ်ပါတယ်။

HDMI port ကတော့ Full-Sized ဖြစ်ပါတယ်။အဆိုပါ port မှာ Apple နဲ့ မတူကွဲပြားအောင် ပြုလုပ်ထားတာဖြစ်ပြီး Apple ရဲ့ Macbook Pro မှာ Thunderbolt USB-C port သုံးခုသာ feature မှာ ပါဝင်တာဖြစ်ပါတယ်။

Xiaomi ရဲ့ Mi Notebook Pro ကို တရုတ်ငွေ 6399 ယွမ်၊အမေရိကန်  ဒေါ်လာ 980 နဲ့ ရောင်းချတာဖြစ်ပါတယ်။

မြန်မာပြည်မှာ ဝယ်ယူရရှိနိုင်မယ်ဆိုရင် ၁၃ သိန်း ကျော်ကျော် ပေးချေရမှာဖြစ်ပါတယ်။

 

ref;The Verge

%d bloggers like this: