TIME Magazine ရဲ့ နောက်ပိုင်း အမျိုးသမီးကဏ္ဍတွေမှာ iPhone ဖြင့် ရိုက်ကူးသော ပုံများသာ ထည့်သွင်းအသုံးပြုသွားမည်ဟု ကြေငြာ

iPhone ဟာ မတူညီတဲ့ ဓာတ်ပုံပညာဆိုင်ရာ Project တွေမှာပါ အသုံးပြုသွားမှာဖြစ်ပြီး မဂ္ဂဇင်းမျက်နှာဖုံးများ စာအုပ်အဖုံးတွေနဲ့ ရုပ်ရှင်တွေအထိ ကျယ်ပြန့်လာမယ်လို့ သုံးသပ်ထားကြပါတယ်။Time မဂ္ဂဇင်းမှာ “Women First” Edition နဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အထူးသီးသန့်ရိုက်ကူး အသုံးပြုနိုင်ရန် ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

Time မဂ္ဂဇင်းက “ကမ္ဘာကို ပြောင်းလဲစေနိုင်တဲ့ အမျိုးသမီးများ”ခေါင်းစဉ်နဲ့ ဒီလထဲမှာ အတွဲလိုက်ထုတ်ဖို့ရှိပြီး Shonda Rhimes, Ellen Degeneres, Hillary Clinton, Nikki Haley အမျိုးသမီးတွေအပြင် အခြား အထင်ကရ အမျိုးသမီးတွေလည်းပါရှိမှာဖြစ်ပါတယ်။

Luisa Dorr ဟာ သူမရဲ့ ဓာတ်ပုံကို iPhone နဲ့ သူမကိုယ်တိုင်ရိုက်ယူပြီး Time Magazine မှာ ဒီလအတွင်း ထည့်သွင်းဖို့ဖော်ပြထားပြီး Instagram မှာ ဖော်ပြခဲ့ရာမှ iPhone ဖြင့်ရိုက်ကူးမှုကို သဘောတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။iPhone နဲ့ ရိုက်ကူးတဲ့ပုံတွေကိုသာ Time မဂ္ဂဇင်းရဲ့ နောက်ပိုင်းအစီအစဉ်တွေမှာ ထည့်သွားတော့မှာဖြစ်ပြီး အမျိုးသမီး ဦးစားပေးကဏ္ဍတွေမှာ project တ၂ခုအနေနဲ့ လုပ်ဆောင်သွားတော့မှာ ဖြစ်ကြောင်း သူမက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အဆိုပါ ကိစ္စကို မဂ္ဂဇင်းအတွက် အကောင်အထည်ဖော်ခဲ့ရာ ပုံများကို အလွယ်တကူရိုက်ကူးခဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။iPhone ကင်မရာများစွာနဲ့ Lighting ဆင်ပြီး ရိုက်ကူးခဲ့ရာမှာ ရိုက်ကူးမှုအတိုလေးအတွက် 2 မိနစ်အချိန်ယူရပြီး ရိုက်ကူးမှု အရှည်အမျိုးအစားအတွက် မိနစ် 20 အချိန်ယူရပါတယ်။

အဆိုပါ ရိုက်ကူးမှုမှာ သူမဟာ iPhone 7 နဲ့ iPhone 5 ကို သာ သုံးခဲ့ခြင်းဖြစ်ပြီး first-party app ဖြင့် HDR ကို ချိန်ညှိသုံးစွဲခဲ့တာဖြစ်ပါတယ်။

%d bloggers like this: