ကလေး အသက် အရွယ်ကြီးလာတဲ့တိုင်အောင် ၀တ်ဆင်နိုင်မယ့် အ၀တ်အစား

Royal College of Art မှ မကြာခင်က ဘွဲ့ရရှိထားတဲ့ အသက် ၂၄ နှစ်အရွယ် Ryan Yasin ဆိုသူက သူ့ရဲ့ အင်ဂျင်နီယာ အရည်အသွေးကို အသုံးပြု၍ ကလေး အသက် အရွယ် ကြီးလာတဲ့ အထိ ၀တ်ဆင်နိုင်မယ့် အ၀တ်အစားကို တီထွင်လိုက်ပါတယ်။ သူ့ရဲ့ အ၀တ်အစားဟာ ကလေး ခန္တာကိုယ် ကြီးထွားလာတာနဲ့ အမျှ ဘက်ပေါင်းစုံသို့ ဆန့်ကားနိုင်ပါတယ်။

အဲဒီ အ၀တ်အစားကို Petit Pli လို့ အမည်ပေးထားပြီး လက်ရှိမှာ အသက် ၆ လကနေ ၃ နှစ်အထိ သူ့ကို အသုံးပြုနိုင်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီ အ၀တ်အစား တစ်စုံဟာ အသက် ၆ လကနေ ၃ နှစ်အထိ အသုံးခံပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

Petit Pli ဟာ ချုံ့နိုင်၊ ဆန့်နိုင်တဲ့ စွမ်းရည် မြင့်မားပြီး ၀တ်ဆင်ထားခြင်း မရှိချိန်မှာ အင်္ကျီ အိတ်ကပ်ထဲတောင် ထည့်သွားနိုင်ပါတယ်။ နှစ်ပေါင်းများစွာကြာ လျှော်ဖွပ်နိုင်အောင်လည်း ခံနိုင်ရည် ရှိပါတယ်။ အစွန်းအထင်းများကိုလည်း လွယ်ကူစွာ ဖယ်ရှားနိုင်အောင် ဖန်တီးထားပါတယ်။ ပြန်လည် အသုံးပြုနိုင်တဲ့ ဒြပ်ထုများဖြင့် သူ့ကို ဖန်တီးထားပါတယ်။

Yasin ဟာ UK James Dyson Award ကိုလည်း ဆွတ်ခူးထားပြီး စတာလင်ပေါင် ၂၀ ၀၀ ဆုကြေးငွေ ရရှိထားပါတယ်။ သူဟာ စတာလင်ပေါင် ၃၀ ၀၀၀ ချီးမြှင့်မယ့် နိုင်ငံတကာ ပြိုင်ပွဲကိုလည်း ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူက ရရှိထားတဲ့ ဆုကြေးငွေများဖြင့် ဒီထက် စွမ်းရည်မြင့်မားတဲ့ အ၀တ်အစားကို ဆက်လက်တီထွင်မှာ ဖြစ်ပါတယ်။ သူဟာ Petit Pli ကို ထုတ်လုပ်ရောင်းချဖို့ ကုမ္ပဏီများနဲ့ စကားပြောနေပါတယ်။

ref : techradar

%d bloggers like this: