Blackberry မှ KEYone ဖုန်းကို စီးပွားရေးလုပ်ငန်းရှင်များအတွက် စတင် ရောင်းချ

TCL ရဲ့ BlackBerry Mobile စနစ်သစ်တွေအသုံးပြုကာ ထုတ်လိုက်တဲ့ Blackberry KEYone smartphone ကို IFA ကုန်စည်ပြပွဲမှာ ပြီးခဲ့တဲ့ အပတ်က မိတ်ဆက်ပြသခဲ့ပါတယ်။

Blackberry ဟာ သူရဲ့ သမားရိုးပုံစံဟောင်းကို စွန့်ပြီး ဒီဇိုင်း၊အရောင်နဲ့ လုပ်ဆောင်ချက်တွေပါ ပြောင်းလဲခဲ့ပါတယ်။ယခုထါက်ရှိတဲ့ BlackBerry ဟာ အနက်ရောင်ဖြစ်ပြီး လူကြိုက်များတဲ့ ကာလာမို့ ပိုထုတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ KeyONE ရဲ့ ဘောင်တွေကိုတော့ အလူမီနီယံအသုံးပြုထားပြီး အမဲရောင် အောက်ခံထည့်ထားတာဖြစ်ပါတယ်။

Version က LPDDR3 DRAM ရဲ့ 4 GB ဖြစ်ပြီး 3GB ကတော့ ပုံမှန် model ဖြစ်ပါတယ်။eMMC storage က 64 GB ဖြစ်ပြီး Original unit က 32 GB ဖြစ်ပါတယ်။Android OS ရဲ့ အကျိုးကျေးဇူးကတော့ DRAM ပမာဏများပြီး ugrade အများကြီးလုပ်နိုင်တာဖြစ်ပါတယ်။အဆိုပါ ဖုန်းကို စီးပွားရေးလုပ်ငန်းရှင်တေါအတွက် ဦးတည်ထုတ်တာဖြစ်လို့ storage ကို အများကြီးမထားပဲ 32GB သာ ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

Blackberry ရဲ့ Keyone Black Edition မှာ Qualcomm Snapdragon 625 SoC ဖြစ်ပြီး Gorilla Glass နဲ့ 4.5” LCD display ပါဝင်ပါတယ်။

Qualcomm X9 LTE modem ဖြစ်ပြီး 3500 mAh battery ဖြစ်ပါတယ်။Camera MP ကတော့ 12MP ဖြစ်ပါတယ်။

LTE ရဲ့  Down: 300 Mb/s ရှိပြီး Up က 150 Mb/sရှိပါတယ်။

Audio Stereo speakers လည်း ပါရှိပြီး

3.5-mm TRRS audio jackဖြစ်ပါတယ်။

Rear Camera 12 MP နဲ့  f/2.0 aperture and dual LED flashတို့ပါပြီး  Front Camera         က 8 MPဖြစ်ပါတယ်။

Battery          3505 mAh with Qualcomm’s FastCharging 3.0

ဆက်သွယ်ရေးအတွက်ဆို 802.11ac Wi-Fi, Bluetooth 4.1, USB-C တို့ပါရှိပါတယ်။

Sensors ကတော့ Fingerprint, accelerometer, gyroscope, magnetometer, proximityနဲ့  ambient light ဆိုပီး ဆင်ဆာများစွာပါဝင်ပါတယ်။

Blackberry KEYone ကို ယခုလက်ရှိ အင်္ဂလန်၊ဂျာမနီ၊ပြင်သစ်၊ကနေဒါ၊UAE၊ဆော်ဒီ နဲ့ ဂျပန်တို့မှာ အသီးသီး စတင်ရောင်းချနေပြီဖြစ်ပါတယ်အဆိုပါဖုန်းရဲ့ ဈေးနှုန်းကတော့ $549 ဖြစ်ပြီး မြန်မာငွေနဲ့ဆို ၇သိန်းခွဲ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

%d bloggers like this: