0 Shares 12 Views

ဖုန်းမှာတပ်ပြီး အိမ်မှာတင် အရေပြားကင်ဆာစစ်ဆေးနိုင်မယ့် ကိရိယာ

Mar 03, 2016
0 12

အရေပြားကင်ဆာဆိုတာ အဖြစ်အများဆုံးကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး၊ အရေပြားကင်ဆာထဲမှာမှ မှဲ့ကင်ဆာဟာ အဖြစ်များလေ့ရှိတဲ့ကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတင် နှစ်စဉ် လူပေါင်း တစ်သောင်းကျော်လောက်ဟာ မှဲ့ကင်ဆာကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။

ဒါပေမယ့် မှဲ့ကင်ဆာဟာ အရေပြားကင်ဆာသုံးမျိုးထဲမှာ စောစီးစွာသိရှိဖို့ အလွယ်ကူဆုံးကင်ဆာတစ်မျိုး ဖြစ်ပေမယ့်၊ လူတွေအနေနဲ့ သတိမထားမိတာ၊ ဒါမှမဟုတ် ဆရာဝန်ဆီသွားပြသဖို့ ၀န်လေးနေတတ်ကြတာ မျိုးကြောင့် အသေအပျောက်အများဆုံးကင်ဆာတစ်မျိုးအဖြစ် ရှိနေရတာဖြစ်ပါတယ်။

ယခုအခါမှာတော့၊ နည်းပညာကုမ္ပဏီတစ်ခုဟာ အရေပြားကင်ဆာရောဂါကို မိမိကိုယ်တိုင်အလွယ်တကူ စစ်ဆေးနိုင်မယ့်ကိရိယာတစ်မျိုးကို ထုတ်လုပ်ပေးလိုက်ပါတယ်။

HUD လို့ အမည်ပေးထားတဲ့ အရေပြားကင်ဆာစစ်ဆေးစက်ကို 3Gen ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာသုံးပုံရိပ်ချဲ့မှန်ဘီလူးတစ်ခုနဲ့ LED မီးလုံးတစ်ခု ပါရှိပြီး၊ မည်သည့်စမတ်ဖုန်းမှာမဆို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

မိမိသင်္ကာမကင်းဖြစ်တဲ့ မှဲ့ (သို့) အရေပြားအနာတစ်ခုခုကို ဒီကိရိယာနဲ့ ဓာတ်ပုံထောက်ရိုက်ပေးပြီး၊ First Derm app ကနေတဆင့် လိုင်စင်ရအရေပြားဆရာဝန်တစ်ယောက်ယောက်ကို ပြသကာ ကင်ဆာအန္တရာယ်ရှိလား၊ မရှိလားဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်၊ ဆရာဝန်တွေသုံးလေ့ရှိတဲ့ အရေပြားကင်ဆာစစ်ဆေးစက်တွေဟာ ဒေါ်လာထောင်နဲ့ချီ ရှိပေမယ့်၊ HUD ကိရိယာကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတာကြောင့် ဈေးအဆပေါင်းများစွာ သက်သာတာဖြစ်ပါတယ်။

First Derm အက်ပလီကေးရှင်းက အရေပြားကင်ဆာရဲ့ ရောဂါလက္ခဏာတွေကို ပြောပြပေးသွားမှာဖြစ်သလို၊ သင့်ခန္ဓာကိုယ်က ကင်ဆာအန္တရာယ်ဖြစ်ပေါ်နိုင်တဲ့ အစက်အပြောက်တွေကိုလည်း ပုံမှန်စစ်ဆေးပေးဖို့ app က သတိပေးသွားမှာဖြစ်ပါတယ်။

scan_2719846a

Ref: The Sun

 

 

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category