ဓာတ်ပုံနဲ့ ဗီဒီယိုများ လွယ်ကူပေါ့ပါးစွာစိတ်ကြိုက်ရိုက်ကူးနိုင်မည့် သေးငယ်တဲ့ Insta360 Camera ထွက်ရှိ

Insta360 ကင်မရာဟာ လက်တစ်ဖက်ထဲနဲ့ ပတ်ဝန်းကျင်ပတ်ပတ်လည်ကိုရိုက်ကူးနိုင်ပြီး single camera ၂လုံးပါရှိသလို 4K-quality 360 degree ဖြစ်လို့ ကိုယ်အပါအဝင် အနီးပတ်ဝန်းကျင်ကို ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဖုန်းရဲ့ အပေါ်မှာ တွဲစပ်ပြီး အသုံးပြုလို့ရသလို တနေရာထဲမှာ အငြိမ်တည်ထားပြီးရိုက်ကူးနိုင်သလို ဆိုင်ကယ်ဦးထုပ်တို့လို Drone တို့မှာလည်း တွဲစပ်ပြီး အသုံးပြုနိုင်ပါတယ်။

 

24 megapixel နဲ့ 4K ရိုက်ကူးနိုင်သလို 3840×1920 pixel video လဲရိုက်ကူးနိုင်ပါတယ်။HDR mode ကြောင့် ရုပ်ထွက်ကောင်းမွန်စေခြင်းနဲ့ ရိုးရိုး manual mode လည်းပါဝင်ပြီး Remote Control ကို Bluetooth နဲ့ ပြုလုပ်နိုင်ပါတယ်။

လေထဲမှာ ဗီဒီယို ဖမ်းယူမှုအတွက်ဆို “flying mode” ကို ပြုလုပ်ပေးပြီး အဝေးက အရာဝတ္ထုတွေကို zoom ဆွဲကြည့်နိုင်ပါတယ်။camera ကို on ထားချိန်မှာတော့ LED က လင်းနေမှာဖြစ်ပြီး ဗီဒီယို ရိုက်ကူးမယ်ဆိုရင် ခလုပ်ကိုနှစ်ချက်နှိပ်ရမှာဖြစ်ပါတယ်။

 

ပုံတပုံရိုက်ဖို့အတွက် ကလစ်နိပ်ရင် 46 စက္ကန့်သာ ကြာပြီး 117 MB အပြည့် စိတ်ကြိုက်ရိုက်ကူနိုင်လို့ လိုချင်တဲ့ပုံကိုရရှိနိုင်မှာအသေအချာပါပဲ။

ရိုးရှင်းပြီး သုံးရလွယ်ကူအောင်ပြုလုပ်ထားသလို ဗီဒီယိုရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ YouTube နဲ့ Facebook မှာ မျှယေထားတယ်လို့သိရပါတယ်။အဆိုပါ 360 camera ရဲ့ ဈေးနှုန်းက $300 ဖြစ်ပြီး မြန်မာငွေနဲ့ဆို ၄ သိန်းကျော်ရှိမှာဖြစ်ပါတယ်။

ref;feedy blank

%d bloggers like this: