0 Shares 97 Views 1 Comments

ဖုန်းတောင်ထုတ်စရာမလိုဘဲ ငွေပေးချေနိုင်မယ့် Hands Free မိုဘိုင်းငွေပေးချေမှုစနစ်ကို Google စမ်းသပ်

Mar 03, 2016
0 97 1

Apply Pay နဲ့ Samsung Pay တို့လို မိုဘိုင်းငွေပေးချေမှုစနစ်တွေရဲ့ ကျေးဇူးကြောင့်၊ ကျွန်တော်တို့ဟာ စူပါမားကတ်တစ်ခုမှာ ငွေရှင်းချင်ရင် ပိုက်ဆံအိတ်တွေ၊ ခရက်ဒစ်ကတ်တွေကို ဆွဲထုတ်နေစရာမလိုတော့ဘဲ မိုဘိုင်းဖုန်းနဲ့တင် အလျင်အမြန်ငွေပေးချေလာနိုင်ပါတယ်။

ဒါပေမယ့်၊ ယခုအခါ နည်းပညာကုမ္ပဏီကြီး Google ဟာ အဆိုပါနည်းပညာတွေထက် ပိုမိုဆန်းသစ်တဲ့ ဖုန်းတောင်ဆွဲထုတ်နေစရာမလိုဘဲ၊ ပါးစပ်က စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ငွေပေးချေနိုင်မယ့်စနစ်အသစ်ကို Silicon Valley မှာ စတင်စမ်းသပ်လျက်ရှိပါတယ်။

‘Hands Free’ ငွေပေးချေမှုစနစ်လို့ အမည်ပေးထားတဲ့ ယခုမိုဘိုင်းငွေပေးချေမှုစနစ်ကို အသုံးပြုဖို့အတွက် Android နဲ့ iOS မှာ ထုတ်ပေးထားတဲ့ Hands Free app ကို အရင် ဒေါင်းလုဒ်ရယူရမှာဖြစ်ပြီး၊ app မှာ မိမိရဲ့ဓာတ်ပုံ၊ မိမိနာမည်အတိုကောက်စာလုံး နဲ့ မိမိ Google အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ credit/debit ကတ် စတာတွေကိုပဲ သွင်းပေးဖို့ လိုပါတယ်။

ထို့နောက်မှာတော့ Hands Free မိုဘိုင်းငွေပေးချေမှုစနစ်ရတဲ့ စူပါမားကတ်၊ စတိုးဆိုင်တွေမှာ ဈေးဝယ်ပြီးလို့ ငွေရှင်းကောင်တာအနားရောက်တာနဲ့ မိမိမိုဘိုင်းဖုန်းက၊ ငွေရှင်းကောင်တာမှာရှိတဲ့စက်ကို Bluetooth ၊ WiFi နည်းနဲ့ အလိုအလျောက်ချိတ်ဆက်ပြီး၊ ကိုယ်ဘယ်သူဘယ်ဝါဖြစ်ကြောင်း စက်မှာဖော်ပြပေးပါတယ်။

ငွေရှင်းမယ်ဆိုရင် အရောင်းစာရေးကို ‘I’ll pay with Google’ ကို ပြောလိုက်ရုံနဲ့ အရောင်းစာရေးက သင့်နာမည်ကိုမေးကာ၊ မှန်ကန်ကြောင်းအတည်ပြုပြီး အကောင့်ထဲကနေ ကျသင့်ငွေဖြတ်လိုက်မှာဖြစ်ပါတယ်။

လက်ရှိမှာ Silicon Valley က McDonalds ၊ Papa John’s နဲပ တခြားဒေသတွင်းစားသောက်ဆိုင်တစ်ချို့မှာ ယခုမိုဘိုင်းငွေပေးချေမှုစနစ်ကို စမ်းသပ်လျက်ရှိပြီး၊ အောင်မြင်မှုရရှိပါက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

Ref: Engadget

 

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares44 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares146 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

One Response

Leave a Comment

Most from this category