မော်ဒယ် ၄ ရက်လုပ်ခထက် ဝင်ငွေကောင်းနေတဲ့ Instagrammer

အသက် ၂၃ နှစ်အရွယ် Gabby Epstein ရဲ့ Instagram စာမျက်နှာမှာ လူတွေ စိတ်ကူးသာ ယဉ်နိုင်ကြတဲ့ ဘဝပုံရိပ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူမဟာ ယခင်က Gold Coast ရဲ့ မော်ဒယ် တစ်ဦး အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး Instagram မှာ Followers ပေါင်း ၁.၈ သန်းကျော်ရှိပါတယ်။

အခုတော့ သူမဟာ မော်ဒယ် အဖြစ် မလုပ်တော့ဘဲ Instagram မှာ ကုမ္ပဏီများ၊ ဝန်ဆောင်မှုများကို ကြော်ညာပေးသူ အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေပါတယ်။ သူမ Instagram မှာ ကြော်ညာ ဓါတ်ပုံတစ်ပုံ တင်ပေးရင် ရတဲ့ ဝင်ငွေဟာ မော်ဒယ် ၄ ရက်လုပ်ခထက် ပိုမို များပြားတယ်လို့ ပြောပြပါတယ်။ သူမဟာ ကမ္ဘာအဝန်းမှ ဟိုတယ်များ၊ အလှကုန်များ၊ ရေကူးဝတ်စုံများ၊ ခရီးသွားစရာ နေရာများ၊ လူသုံးကုန်များကို Instagram မှာ ကြော်ညာပေးနေပါတယ်။

သူမဟာ Biomedical Science ဖြင့် ဘွဲ့ရထားသူ ဖြစ်ပါတယ်။ သူမ ခရီးသွားတဲ့ ဓါတ်ပုံများဟာ Instagram မှာ လူကြိုက်များလာပြီးနောက်မှာ ကုမ္ပဏီများက သူမကို ဆက်သွယ်လာကြပါတယ်။ အခုတော့ Instagram မှာ ကြော်ညာတဲ့ အလုပ်ဟာ သူမအတွက် အချိန်ပြည့် အလုပ် ဖြစ်နေပါပြီ။ သူမက ကြော်ညာပို့စ်တစ်ခုအတွက် လူမှုကွန်ရက် ဆယ်လီများဟာ ဒေါ်လာ သိန်းဂဏန်းကနေ သန်းဂဏန်း အထိ ရနိုင်ပြီလို့ ပြောပါတယ်။

Gabby ဟာ Crushfame နဲ့ ပူးပေါင်း၍ Instagram မှာ ဝင်ငွေ ရှာဖွေချင်တဲ့ လူများအတွက် ဗီဒီယို သင်ခန်းစာများကို အွန်လိုင်းကနေ သင်ကြားပေးနေပါတယ်။ သူမရဲ့ သင်ခန်းစာများထဲမှာ အောင်မြင်တဲ့ Instagram အကောင့်တစ်ခု ဖန်တီးခြင်း၊ Followers များ ရရှိခြင်း၊ ပို့စ်များကနေ ဝင်ငွေရှာခြင်း၊ လက်ဆောင်များ ရရှိနည်း စတာတွေ ပါဝင်ပါတယ်။

ref : dailymail

%d bloggers like this: