0 Shares 66 Views

iPhone အသစ်တွင်အသုံးပြုမည့် iOS 9.3 ကို ဒီလနှောင်းပိုင်းတွင် ထုတ်ပြန်နိုင်ရန်မျှော်လင့်ထား

Apple ဟာ နောက်ထွက်မယ့် iPhone နဲ့ iPad တွေရဲ့ OS စနစ်အသစ်တစ်မျိုးကို ဒီလနှောင်းပိုင်းမှာ ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီအပတ်ထဲမှာ သူတို့ရဲ့နောက်ဆုံးထွက် OS Version အတွက် အစမ်းဆော့ဖ်ဝဲကို ထုတ်ပြန်ပေးခဲ့ပါတယ်။

Apple ဟာ သူတို့ရဲ့ အဓိကပြပွဲကို မတ်လ ၂၁ရက်နေ့မှာပြုလုပ်မယ်လို့ ကောလာဟလသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး အဲ့ဒီပွဲမှာ iPhone အသစ်တစ်မျိုး၊ iPad အသစ်တစ်မျိုးနဲ့ Apple Watch စတဲ့ ပစ္စည်းအသစ်တွေကို မိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ iOS Version 9.3 ကိုလည်းထုတ်လုပ်ဖို့ရှိနေတာဖြစ်ပါတယ်။

အချက်အလက်တွေအရ ယခုထွက်ရှိလာမယ့် iOS Vesion အသစ်ဟာ ဆောင်းရာသီမှာ မိတ်ဆက်မယ့် iPhone အသစ်အတွက်ရည်ရွယ်ထားတာဖြစ်ပုံရပြီး ကုမ္ပဏီအနေနဲ့ ဒီဆော့ဖ်ဝဲဗားရှင်းအသစ်ကို ကြော်ငြာမှုတွေ ကြီးကြီးမားမား ပြုလုပ်နေတာဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ iOS 9 ဟာ Night Shift လို့ခေါ်တဲ့ Feature အသစ်တစ်မျိုးအပြင် ထပ်မံဖြည်သွင်းမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ Night Shift ဟာ ညပိုင်းမှာ သုံးစွဲသူတွေ အလွယ်တကူအိပ်ပျော်စေဖို့အတွက် စခရင်အရောင်ကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် iOS 9 ဟာ Health နဲ့ Notes App တွေအတွက်လည်း ပြောင်းလဲမှုတွေ ကြီးကြီးမားမား ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Ref: Independent

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
0 shares0 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
80 shares20 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
96 shares27 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Leave a Comment

Most from this category