0 Shares 19 Views

တည်ဆောက်တော့မည့် Supersonic Passenger Jet အစီအစဉ်ကို နာဆာထုတ်ဖော်

အမေရိကန်အမျိုးသားလေကြောင်းနှင့်အာကာသထိန်းချုပ်ရေးအေဂျင်စီ (NASA) က သူတို့တည်ဆောက်တော့မယ့် ခရီးသည်တင် Supersonic Passenger Jet အစီအစဉ်ကို အင်္ဂါနေ့က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

နာဆာရဲ့ အကြီးအကဲဖြစ်သူ Charles Bolden က ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်လေယာဉ်ကုမ္ပဏီ Lockheed Martin နဲ့ အသံထက်မြန်တဲ့ လေယာဉ်တွေနဲ့ ခရီးသည်တွေကို အာကာသထဲပို့ဆောင်ပေးဖို့ ဒေါ်လာသန်း၂၀တန် စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သုံးထားတဲ့ ဂျက်အင်ဂျင်ဟာ ကျယ်လောင်တဲ့အသံတွေကိုထွက်စေနိုင်ပေမယ့် လေယာဉ်အသစ်မှာတော့ အသံအဆင့်ကို နည်းနိုင်သမျှနည်းအောင် လျှော့ချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အသစ်ရေးဆွဲထားတဲ့ ဒီဇိုင်းဟာ လေထုညစ်ညမ်းမှုနဲ့ ဆီအသုံးပြုမှု လိုအပ်ချက်တွေကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Supersonic လေယာဉ်အသစ်ရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မှုပုံစံအတိုင်း ထွက်ရှိလာမယ့် လေယာဉ်ကို လာမယ့် ၂၀၂၀ မှာ စတင်စမ်းသပ်မောင်းနှင်နိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ အရင် ၂၀၀၃ ခုနှစ်တုန်းက ဗြိတိသျှလေကြောင်းလိုင်းနဲ့ ပြင်သစ်လေကြောင်းတို့ဟာ စီးပွားရေးဆိုင်ရာ Supersonic လေယာဉ်တွေကို သူတို့ရဲ့ ကွန်းကော့တ်လေယာဉ်ဖြစ်စဉ်တွေကြောင့် ဖျက်သိမ်းခဲ့ကြဖူးတာဖြစ်ပါတယ်။

ကွန်းကော့တ် (Concorde) လေယာဉ်တွေဟာ တစ်နာရီကို ၂၁၈၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အသံရဲ့မြန်နှုန်းထက်နှစ်ဆပိုမြန်တယ်လို့ သိရပါတယ်။ ဒါပေမယ့် “White Bird” (ငှက်ဖြူ) လို့လူသိများတဲ့ဒီလေယာဉ်တွေဟာ ၂၀၀၀ ခုနှစ်မှာ ပျက်ကျမှုတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၁၃ဦးကို သေဆုံးစေခဲ့တာဖြစ်ပါတယ်။

ကွန်းကော့တ်လေယာဉ်ပျက်ကျမှုတစ်ခု

ကွန်းကော့တ်လေယာဉ်ပျက်ကျမှုတစ်ခု

Ref: Gadgets360

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category