0 Shares 148 Views 5 Comments

သတင်းကောင်း

Mar 02, 2016
0 148 5

တစ်ရက်တွင် ဘုရားသခင်က ဘာရက်အိုဘားမား၊ ဗလာဒီမာပူတင် နှင့် ဂျောင်က်ယွန်ရှင်း (Samsung CEO) တို့ကို ခေါ်ယူပြီး ညီလာခံကျင်းပလေသည်။

သူတို့ဘုရားသခင်ရှေ့သို့ရောက်လာသောအခါ ဘုရားသခင်က “ကျွန်ုပ်ဆီမှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ သတင်းဆိုးက ငါကမ္ဘာကြီးကိုအရမ်းစိတ်ကုန်နေပြီး ကမ္ဘာကိုဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သတင်းကောင်းက မင်းတို့ကို လူသားတွေကိုဒီသတင်းကြေငြာဖို့အတွက် အချိန်တစ်ပတ်ပေးမယ်”

ထို့သို့နှင့် အိုဘားမားက ကွန်ဂရက်မှာလွတ်တော်ခေါ်ပြီး ကြေငြာလေသည်။ “ကျွန်တော့်ဆီမှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ သတင်းကောင်းက ဘုရားသခင်ဟာ ကောင်းကင်ဘုံမှာရှိနေတယ်။ သတင်းဆိုးက နောက်တစ်ပတ်မှာ သူကမ္ဘာကြီးကို ဖျက်ဆီးလိမ့်မယ်”

ရုရှားသမ္မတဗလာဒီမာပူတင်က သူ့ရဲ့ကွန်မြူနစ်ပါတီကို အစည်းအဝေးခေါ်ပြီး ကြေငြာခဲ့သည်။ “ငါ့မှာသတင်းဆိုးနဲ့ အဆိုးဆုံးသတင်းရှိတယ်။ သတင်းဆိုးက ဘုရားသခင်ဆိုတဲ့လူက တကယ်ရှိတယ်။ ပြီးတော့အဆိုးဆုံးသတင်းကတော့ ဒီလူနောက်တစ်ပတ်ကြရင် ကမ္ဘာကိုဖျက်ဆီးလိမ့်မယ်”

Samsung CEO ဖြစ်သူ ဂျောင်က်ယွန်ရှင်းကလည်း သူ့ရဲ့ပရိုရမ်မာတွေ၊ ဈေးကွက်ရောင်းချသူတွေနဲ့ အကြီးအကဲတွေကို အတူတူခေါ်ပြီးအစည်းအဝေးလုပ်သည်။ “င့ါဆီမှာ သတင်းကောင်းနဲ့ ပိုကောင်းတဲ့သတင်းကောင်းရှိတယ်။ သတင်းကောင်းက ဘုရားသခင်ဟာ ငါ့ကိုတစ်ကမ္ဘာလုံးမှာ အရေးအကြီးဆုံးပုဂ္ဂိုလ် သုံးယောက်ထဲထည့်သွင်းခဲ့တယ်။ ပိုကောင်းတဲ့သတင်းက နောက်အပတ်ကစပြီးငါတို့ Apple နဲ့ တရားရင်ဆိုင်စရာ မလိုတော့ဘူး”

Ref: UniJokes.com

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

5 Responses

  1. တော်ပါပြီ ဝင်မဖတ်တော့ဘူးကွာ

  2. ငင့် ဝင်ကြည့်ရဘူးး comမှာ copy လုပ်ပေးကြပါ့လားဟင်???plz

  3. အင်တာနက်လိုင်းအားကိုးပြီးဖက်ပါဆိုရင်တော့ ပြာပုံနဲ့ဓာတ်ရောင်ခြည်တွေကြားမှာ ငါတို့ကွန်ယက်ကလေးများရပါ့မလားဆိုပြီးမသေမှဖက်ရမဲ့ဘဝ ကိုမြန်မာစိတ်ထားနဲ့ကွန်မန့်မှာရေးပေးသူကိုကျေးဇူးဘယ်ကမ္ဘ္ဘာပြောင်းပြောင်း အသိအမှတ်ပြုပါတယ်

  4. အာ့ အပြည့်အစုံ သို့ဖတ်ရန် ကပိုက်ဆံရလား မသိလို့ပါ

Leave a Comment

Most from this category