Sharp က 8K TV များကို မိတ်ဆက်

Sharp က IFA 2017 နည်းပညာပြပွဲမှာ 8K TV ကို မိတ်ဆက်လိုက်ပြီး ၂၀၁၈ ခုနှစ် မတ်လမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Sharp က 8K TV အပြင် 8K Monitors များကိုပါ ပြသလိုက်ပြီး သူတို့ကို AQUOS Series လို့ အမည်ပေးထားပါတယ်။ တရုတ်၊ ဂျပန်နဲ့ ထိုင်ဝမ်တို့မှာတော့ ယခုနှစ် အောက်တိုဘာလနဲ့ လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် မတ်လမှာ ဥရောပမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

၇၀ လက်မ 8K Monitor ကို ဥရောပမှာ ရောင်းချပေးမှာ ဖြစ်ပြီး 4 HDMI Input Ports များတပ်ဆင်ထားမှာပါ။ Port ၁ ခုဟာ 8K ကို ထောက်ပံ့ပြီး အခြား Ports များဟာ 4K နဲ့ 2K များကို ထောက်ပံ့ပေးပါတယ်။ 8K Display များဟာ 4K Display များထက် Resolution ၄ ဆ မြင့်မားပါတယ်။ အဲဒီအတွက် အလွန် ကြည်လင်ပြတ်သား တောက်ပပြီး သဘာဝကျတဲ့ ပုံရိပ်များကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

ဂျပန်မှ NHK သတင်းဌာနက 4K နဲ့ 8K Content များကို ရိုက်ကူးထုတ်လွှင့်ပေးမယ်လို့ ညြောထားပါတယ်။ တိုကျို အိုလံပစ် မတိုင်ခင် ၂၀၁၈ ခုနှစ် အကုန်မှာ 8K Content များကို NHK က ထုတ်လွှင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ Sharp က 8K TV နဲ့ 8K Monitors များရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံများကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။

ref : techradar

%d bloggers like this: