Acer ရဲ့ LTE connection နဲ့ အသုံးပြုရမယ့် 360 camera နှစ်မျိုး

Acer မှ ဝင်ရောက်လာတဲ့ ကင်မရာ အသစ်နှစ်လုံးကို ဘာလင်မှာ လုပ်တဲ့ IFA ကုန်စည်ပြပွဲမှာ ပြသခဲ့ပါတယ်။ နှစ်ခုလုံးက 360 degree LTE connected device တွေဖြစ်ပေမယ့် လုပ်ဆောင်ချက်ခြင်းတော့ ကွဲပြားပါတယ်။

Holo 360 all-in-one device ဟာ 6.9 K ပုံတွေနဲ့ 4 K ဗီဒီယို shareတို့ edit တို့ လုပ်နိုင်ပါတယ်။Qualcomm Snapdragon 625 mobile processor က လိုချင်တဲ့ ဖန်တီးမှုပုံတွေကို ပြင်ဆင်ခြင်း ရိုက်ယူခြင်းတို့အား ဖုန်းမပါလဲ အချိန်နဲ့ တပြေးညီ ရိုက်ကူနိုင်မှာဖြစ်ပြီး ပုံထွက်ကောင်းမွန်စေမှာပါ။အကယ်၍ ဖုန်း ဒါမှမဟုတ် ကွန်ပြူတာနဲ့ တွဲစပ်အသုံးပြုမယ်ဆိုလဲ သုံးလက်မသာသာပဲ screen ပေါ်မှာ နေရာယူမှာဖြစ်ပါတယ်။

ကိုယ့်ရိုက်ကူးမှုကို Share မယ်ဆိုရင် device ထဲကို တိုက်ရိုက်ရောက်မှာ ဖြစ်ပြီး LTE ဖွင့်ပြီး ချက်ချင်းတင်လို့ရတဲ့အတွက် လက်တော့တောင် အလေးခံသယ်သွားနေစရာမလိုပါဘူး။ Holo 360 အမျိုးအစားက social media လုပ်သူတွေ၊ဓာတ်ပုံသမားတွေနဲ့ အပျော်တမ်းသူတွေ ပရိုဆန်ဆန်သုံးသူတွေအတွက်ပါ သင့်တော်ပြီး Acer Version 360 က ကား Dash ကင်မရာလို နေရာမှာထားပြီး တစု့တရာနစ်နာမှုမရှိအောင် ရိုက်ကူးရေးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

ကားလမ်းကြောင်းမကျွမ်းကျင်သူတွေအနေနဲ့လည်း Acer ရဲက GPS က ညွှန်ပြပေးမှာဖြစ်ပြီး လိုချင်တဲ့ ဖိုင်တွေကို အလိုအလျောက် ခွဲထားပေးမှာဖြစ်ပါတယ်။လမ်းရဲ့အနေအထားကို မှတ်တမ်းတင်ထားပြီး ပြန်လည်ကြည့်ရှုလို့ရပါတယ်။ Acer က Vision 360 ကို ပြည်ပကို ဖြန့်ချိမှု မလုပ်သေးပဲ Holo 360 သာ မြောက်အမေရိကကို နိုဝင်ဘာမှာ ပို့ဆောင်မှာ ဖြစ်ပါတယ်။ရေစိုခံတဲ့ အဆိုပါ version နှစ်ခုလုံးရဲက ဈေးနှုန်းက ဒေါ်လာနဲ့ဆို တခုကို $429 ဖြစ်မှာဖြစ်ပြီး မြန်မာငွေနဲ့ဆို 580000 ကျပ်ဝန်းကျင်လောက် ကျသင့်မှာဖြစ်ပါတယ်။

Ref : DM

%d bloggers like this: