ကျောင်းသားများအတွက် iPad မှ iOS 11 ရဲ့ အထူး လုပ်ဆောင်ချက်များ

iOS 11 ဟာ Apple iOS ရဲ့ Major Update တစ်ခု ဖြစ်ပြီး လုပ်ဆောင်ချက် အသစ်များ ပါဝင်လာပါတယ်။ Apple က iOS 11 ကို စက်တင်ဘာလလောက်မှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။ iOS 11 ရဲ့ လုပ်ဆောင်ချက်များထဲမှ ကျောင်းသားများအတွက် iPad မှ အထူး လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်။

App Dock

iPad အတွက် iOS 11 မှာ သင် နှစ်သက်တဲ့ Apps များ၊ မကြာခဏ အသုံးပြုတဲ့ Apps များနဲ့ Homework Files များကို လွယ်ကူစွာ ရှာနိုင်တဲ့ Dock အသစ်ပါလာပါတယ်။ တက်ဘလက်မှာ Multitasking ပြုလုပ်ဖို့အတွက်လည်း Dock က အရေးကြီးပါတယ်။ ဥပမာအားဖြင့် iPad မှာ Split-View Mode ကို သုံးဖို့ သူဟာ တစ်ခုထဲသော နည်းလမ်း ဖြစ်ပြီး အသုံးပြုနည်းကို အောက်မှာ လေ့လာပါ။

၁။ App တစ္ခုကို ဖိထားပါ။
၂။ Dock ပေါ်သို့ အိုင်ကွန်ကို ဖိဆွဲပါ။ ( Apps or Folders ၁၃ ခုအထိ ထည့်သွင်းနိုင်ပါတယ်။ )
၃။ Dock မှ App တစ်ခုကို ဖွင့်ပါ။
၄။ စကရင်အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲ၍ Dock ကို ပြန်ဖွင့်ပါ။
၅။ Dock မှ အိုင်ကွန်တစ်ခုကို စကရင်ရဲ့ ညာ သို့မဟုတ် ဘယ်သို့ နေရာချပါ။

Files App

Apple က iPad အတွက် iOS 11 မှာ Files App အသစ်ကို ထည့်ပေးထားပါတယ်။ အဲဒီမှာ သင့်ရဲ့ Homework Files များအားလုံးကို သိမ်းထားနိုင်ပါတယ်။ အဲဒီမှာ သင့်တက်ဘလက်မှ ဖိုင်များသာမက iCloud နဲ့ Third-Party Services များမှ ဖိုင်များကိုလည်း သိမ်းထားနိုင်ပါတယ်။ App ရဲ့ အောက်ခြေမှ Browse Tab မှာ သင့် တက်ဘလက်နဲ့ iCloud များမှာသိမ်းထားတဲ့ ဖိုင်များကို လွယ်ကူစွာ Navigate လုပ်နိုင်ပါတယ်။ အောက်ခြေမှ Recents Tab ကတော့ လုပ်လက်စ အလုပ်များကို ပြန်လုပ်ဖို့ အဆင်ပြေစေပါတယ်။

မှတ်ချက်။ ။ iOS 11 မှာ iCloud Drive App အစား Files App ကို အစားထိုးထားပါတယ်။

App Switcher

Dock နဲ့အတူ App Switcher အသစ်ကိုလည်း ထည့်သွင်းပေးထားပြီး သင် မကြာခင်က သုံးတဲ့ Apps များအားလုံးကို သူက ပြသပေးထားပါတယ်။ သူကနေ Control Center Settings ကိုလည်း သုံးနိုင်ပါတယ်။ သူကနေ App တစ်ခု စာသားများ၊ ဓါတ်ပုံများနဲ့ ဖိုင်များကို အခြား App တစ်ခုသို့ ကူးပြောင်းနိုင်ပါတယ်။ သူက သင် Multitask ပြုလုပ်နေကျ Apps အတွဲအစပ်များကိုတောင် မှတ်သားထားပေးပါတယ်။

Apple Pencil

iOS 11 မှာ Apple Pencil ဟာ စွမ်းဆောင်ရည် ပိုမို မြင့်မားလာပါတယ်။

• Instant Notes – iPad Lock Screen မှ Apple Pencil ကို နှိပ်ရင် Note တစ်ခုပေါ်လာမှာပါ။ စာသင်ခန်းထဲမှာ လျှင်မြန်စွာ မှတ်သားမှုများ ပြုလုပ်ဖို့ အသုံးဝင်ပါတယ်။
• Instant Markup – သင့်ရဲ့ ကျောင်းစာ Documents များကို Edit ပြုလုပ်ခြင်း၊ PDF ဖိုင်များကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ စကရင်ရှော့မှာ ပုံဆွဲခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
• Inline Drawing – Notes , Mail များမှ စာသားများရဲ့ ဘေးမှာ ပုံဆွဲခြင်း၊ စာရေးသားခြင်းများကို ပြုလုပ်နိုင်ပါတယ်။
• Searchable Handwriting – သင် လက်ဖြင့် ရေးသားထားတဲ့ လက်ရေးစာများကို ပြန်လည် ရှာဖွေနိုင်ပါပြီ။ စာသင်ခန်းများမှာ မှတ်သားထားတဲ့ လက်ရေးစာများကို လွယ်ကူစွာ ပြန်ရှာနိုင်တဲ့အတွက် ကျောင်းသားများအတွက် အသုံးဝင်ပါတယ်။

ref : pocket-lint

%d bloggers like this: