Acer က ၃၆၀ ဒီဂရီ ကင်မရာများကို မိတ်ဆက်

Acer က Holo360 နဲ့ Vision360 အမည်ရ ၃၆၀ ဒီဂရီ ကင်မရာများကို မိတ်ဆက်လိုက်ပါတယ်။ Holo360 ကို VR Headset များကနေ ကြည့်ရှုနိုင်တဲ့ ဗီဒီယိုများကို ရိုက်ကူးဖို့ ဖန်တီးထားပါတယ်။ Vision360 ကတော့ ယာဉ်တိုက်မှုများ၊ ခရီးသွားခြင်းများကို မှတ်တမ်းတင်ဖို့အတွက် ကားအတွင်းမှာ ထားရှိ အသုံးပြုဖို့ ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။

Holo360 မှာ Snapdragon 625 Processor ထည့်သွင်းထားပြီး Qualcomm ရဲ့ Connected Camera Platform ဖြင့် မောင်းနှင်မှာပါ။ သူ့မှာပါတဲ့ LTE သို့မဟုတ် ဝိုင်ဖိုင်ကနေ ၃၆၀ ဒီဂရီ ဗီဒီယိုများကို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်နိုင်ပါတယ်။ ၃ လက်မ ထိတွေ့မျက်နှာပြင်ကနေ Navigate ပြုလုပ်ရမှာပါ။ သူက ဓါတ်ပုံများကို 6.9K နဲ့ ဗီဒီယိုများကို 4K ဖြင့် ဖမ်းယူပေးပါတယ်။ နိုဝင်ဘာလမှာ ၄၂၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။

Vision360 မှာ အရည်အသွေးမြင့် Lenses ၂ လုံးပါပြီး ကားရဲ့ ပတ်လည်မှ မြင်ကွင်းများကို ဖမ်းယူပေးပါတယ်။ ဗီဒီယိုများကို 4K ဖြင့် ဖမ်းယူပေးနိုင်ပြီး ယာဉ်မတော်တဆမှု ဖြစ်ရင် ကင်မရာက GPS တည်နေရာနဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုကို အလိုအလျှောက် သိမ်းပေးပါတယ်။ ဒေတာများကို ကင်မရာ အပြင် Cloud မှာလည်း သိမ်းပေးထားပါတယ်။

ဒါ့အပြင် Vision360 Camera ကို ကားဖြင့် ခရီးသွားတဲ့ အခါမှာ ခရီးစဉ်အတွက် မှတ်တမ်းတင် ဗီဒီယိုများ ရိုက်ကူးဖို့ အသုံးပြုနိုင်ပါတယ်။ သူ့ကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

ref : pocket-lint

%d bloggers like this: