Acer က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Switch PC များကို မိတ်ဆက်

Acer က IFA ပွဲမှာ လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Switch PC များကို ပြသလိုက်ပါတယ်။ ပီစီများမှာ Windows 10 ထည့်သွင်းထားပါတယ်။ Switch 7 Black ဟာ ပန်ကာမပါတဲ့ ကမ္ဘာ့ ပထမဆုံး နှစ်မျိုးသုံး ပီစီ ဖြစ်ပါတယ်။ သူ့မှာ Acer ရဲ့ Dual LiquidLoop Fanless Cooling နည်းပညာ ထည့်သွင်းထားပါတယ်။

8th Generation Core i7 Processor, Nvidia GeForce MX150 Graphics များ ပါဝင်ပါတယ်။ သူဟာ စွမ်းအင် စားသုံးမှုများတဲ့ အလုပ်များ၊ အွန်လိုင်း ဗီဒီယိုများ၊ တီထွင်ဖန်တီးမှု အလုပ်များအတွက် အထူး သင့်တော်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သူ့မှာ ကီးဘုတ်ကို ဖြုတ်၊ တပ်နိုင်တဲ့အတွက် လက်တော့လိုရော၊ တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ ၁၃.၅ လက်မ 2256×1504 Touchscreen , Wacom Stylus များ ထည့်ပေးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး ဒီဇင်ဘာလမှာ ယူရို ၁၉၉၉ ဖြင့် ရောင်းချမှာပါ။

Swift 5 ကို ပေါ့ပါးစွာ သယ်ဆောင်နိုင်အောင် ဖန်တီးထားပါတယ်။ Magnesium-Lithium ဖြင့်တည်ဆောက်ထားတဲ့အတွက် ၁ ကီလိုဂရမ်အောက်သာ အလေးချိန်ရှိပါတယ်။ Intel 8th Generation Core Processor နဲ့ Full HD Touchscreen ထည့်သွင်းထားပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၈ နာရီ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ ယူရို ၁၀၉၉ ဖြင့် ရောင်းချမှာပါ။

ref : pocket-lint

%d bloggers like this: