Samsung က Gear Sport စမတ်နာရီကို ကြေညာ

Samsung က ဘာလင်မှာ ကျင်းပနေတဲ့ နည်းပညာပြပွဲ IFA မှာ Gear Sport စမတ်နာရီကို ကြေညာလိုက်ပါတယ်။ သူ့ကို အရွယ်အစားတစ်မျိုးသာ ထုတ်လုပ်ပေးထားတဲ့အတွက် အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ရည်ရွယ်ထားပါတယ်။

Samsung Gear Sport မှာ ၁.၂ လက်မ Super AMOLED 360p Screen တပ်ဆင်ထားပါတယ်။ လက်ပတ်ကြိုး မပါရင် သူ့ရဲ့ အလေးချိန်မှာ ၅၀ ဂရမ် ဖြစ်ပါတယ်။ Dual-Core 1.0GHz Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 768MB RAM , 4GB Onboard Storage များ ပါပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ကိရိယာ ထည့်သွင်းထားပါတယ်။ GPS, WiFi, Bluetooth ဆက်သွယ်မှုများ ပါပါတယ်။ 300mAh Battery ထည့်သွင်းထားပြီး ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။

Samsung Gear Sport ဟာ ရေကူးသမားများကို အဓိက ပစ်မှတ်ထားပါတယ်။ သူဟာ 5ATM စံနှုန်း ရေစိုခံနိုင်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ ပင်လယ်ရေ စိုခံခြင်း၊ ဖုန်နဲ့ သဲများ မဝင်အောင် ကာကွယ်ပေးခြင်း စတဲ့ စံနှုန်းများလည်း ပိုင်ဆိုင်ထားပါတယ်။ ကိုယ်ထည်ကို Stainless Steel ဖြင့် တည်ဆောက်ထားပြီး အရှေ့ဘက် မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။

Tizen OS ထည့်သွင်းထားပြီး စမတ်နာရီကနေ အင်တာနက် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Power Point ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်လည်း ပါပါတယ်။ Android 4.3 နဲ့ နောက်ပိုင်း OS ထည့်သွင်းထားတဲ့ Galaxy Device များ၊ Android 4.4 KitKat နဲ့ နောက်ပိုင်း OS ထည့်သွင်းထားတဲ့ Android Phone များနဲ့ iOS 9 နဲ့ နောက်ပိုင်း OS ထည့်သွင်းထားတဲ့ iPhone 5 နဲ့ နောက်ပိုင်းထုတ် ဖုန်းများနဲ့ သူ့ကို တွဲဖက် သုံးနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: