Samsung က ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ Gear Fit 2 Pro ကို မိတ်ဆက်

Samsung က IFA ပွဲမှာ Gear Fit 2 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များမှာ 5ATM စံနှုန်း ရေစိုခံနိုင်ခြင်း၊ GPS ပါခြင်းနဲ့ Spotify မှ သီချင်းများကို Offline နားဆင်နိုင်ခြင်းများ ဖြစ်ပါတယ်။ တုန်ခါမှုနဲ့ ပင်လယ်ရေစိုခံနိုင်တဲ့ စံနှုန်းတောင် ပိုင်ဆိုင်ထားပါတယ်။ ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၂၇၀ ၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Samsung Gear Fit 2 Pro မှာ နှလုံးခုန်နှုန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးတဲ့ စွမ်းရည်များ ပါပါတယ်။ သူ့မှာ ၁.၅ လက်မ Curved Super AMOLED Touch Screen တပ်ဆင်ထားပြီး Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။

Dual-Core 1.0GHz Processor , 512MB RAM နဲ့ 4GB Storage ပါပါတယ်။ Bluetooth 4.2 , WiFi ဆက်သွယ်မှုများ ပါပါတယ်။ 200mAh Battery ထည့်သွင်းထားပါတယ်။ Tizen OS မောင်းနှင်မှာပါ။ သူ့ကို Android 4.4 , iOS 9.0 နဲ့ သူ့ရဲ့ နောက်ပိုင်း OS များ ထည့်သွင်းထားတဲ့ စမတ်ဖုန်းများနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

Samsung က Gear Fit 2 Pro ကို ထုတ်လုပ်ဖို့ ကုမ္ပဏီများစွာနဲ့ ပူးပေါင်းခဲ့ပါတယ်။ Spotify နဲ့ ပူးပေါင်း၍ သီချင်း အပုဒ် ၅၀၀ အထိ Offline သိမ်းဆည်းထားနိုင်အောင် ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် Speedo နဲ့ Under Armour တို့လို အားကစား ဝတ်စုံ ထုတ်လုပ်တဲ့ ကုမ္ပဏီများနဲ့လည်း Samsung က ပူးပေါင်းထားပါတယ်။

ref : pocket-lint, gsmarena

%d bloggers like this: