Asus က လက်တော့ ၊ တက်ဘလက် နှစ်မျိုးသုံး ZenBook Flip 15 ကို မိတ်ဆက်

Asus က ဥရောပရဲ့ အကြီးမားဆုံး နည်းပညာပြပွဲဖြစ်တဲ့ IFA ပွဲမှာ ၁၅.၆ လက်မ လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ကွန်ပြူတာကို မိတ်ဆက်လိုက်ပါတယ်။ ကုမ္ပဏီက သူ့ကို ထုတ်လုပ်ခဲ့ဖူးသမျှ Flip Series များထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံးလို့ ပြောပါတယ်။ သူ့မှာ 8th Generation Intel Core i7 Processor , 2TB Hard Drive, Nvidia GTX1050 Graphics Card များ ထည့်သွင်းထားပြီး ယခင်မျိုးဆက်ထက် ဂရပ်ဖစ် စွမ်းရည် မြင့်မားလာပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်နဲ့ 4K Screen တပ်ဆင်ထားပြီး ဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၃ သိန်း ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Asus က နှစ်မျိုးသုံး မဟုတ်တဲ့ သာမာန်လက်တော့ တစ်လုံးကိုလည်း မိတ်ဆက်လိုက်ပါတယ်။ VivoBook S14 လို့ အမည်ပေးထားပြီး အလွန် ပါးလွှာ ပေ့ါပါးပါတယ်။ 8th Generation Intel Core i7 Processor , Nvidia GeForce MX150 Graphics ထည့်သွင်းထားပါတယ်။ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ ၁.၃ ကီလိုဂရမ် အလေးချိန်ရှိပြီး ၁၈.၈ မီလီမီတာ အထူရှိပါတယ်။ Asus VivoBook S14 ကို ဒေါ်လာ ၅၀၀ ( မြန်မာငွေ ၆၈၀ ၀၀၀ ဝန်းကျင်) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

ref : techradar

%d bloggers like this: