Asus က ကမ္ဘာ့ အပါးလွှာဆုံး 2-in-1 Laptop ကို မိတ်ဆက်

Asus က ဘာလင်မှာ ကျင်းပတဲ့ IFA 2017 ပွဲမှာ ကမ္ဘာ့ အပါးလွှာဆုံး လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ကွန်ပြူတာကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ ZenBook Flip 14 ဖြစ်ပါတယ်။ ၁၃.၉ မီလီမီတာသာ အထူရှိပြီး ၁.၄ ကီလိုဂရမ်သာ အလေးချိန်ရှိပါတယ်။ ဒီပမာဏဟာ လက်တော့ တစ်လုံးအတွက် အလွန် ပါးလွှာ ပေါ့ပါးပါတယ်။ စွမ်းရည်မြင့်မားတဲ့ ဂရပ်ဖစ်ကဒ်ကို ထည့်သွင်းထားတဲ့အတွက် ဓါတ်ပုံနဲ့ ဗီဒီယို တည်းဖြတ်ခြင်းတို့လို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။ လက်တော့ကို ခေါက်ချိုး၍ တက်ဘလက်လို အသုံးပြုနိုင်ပါတယ်။

Asus ZenBook Flip 14 ဟာ အလွန် ပါးလွှာပေါ့ပါးသလောက် စွမ်းရည်မြင့်မားပါတယ်။ Nvidia MX150 Chip ထည့်သွင်းထားပြီး အခြား နှစ်မျိုးသုံး လက်တော့များနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ လက်တော့က ဗီဒီယိုတည်းဖြတ်ခြင်းများ ပြုလုပ်ရင် ၁၄ ဆနဲ့ ဓါတ်ပုံ တည်းဖြတ်ရင် ၂ ဆခွဲ ပိုမို မြန်ဆန်တယ်လို့ Asus က ပြောပါတယ်။

Asus ZenBook Flip 14 မှာ 8th Generation Core i7 Quad-Core Processor ထည့်သွင်းထားပါတယ်။ လျှင်မြန်စွာ ဒေတာများ သိမ်းဆည်းနိုင်တဲ့ 1TB PCle SSD , 16GB DDR4 RAM များ တပ်ဆင်ထားပါတယ်။ ၁၄ လက်မ Full HD Display တပ်ဆင်ထားပြီး Screen-to-body ratio မှာ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘေးဘောင်များဟာ အလွန် ပါးလွှာပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၁၃ နာရီ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Windows 10 ထည့်သွင်းထားပြီး ဒေါ်လာ ၉၀၀ ( မြန်မာငွေ ၁၂ သိန်း ၂ သောင်း ဝန်းကျင်) ဖြင့် ရောင်းချမှာပါ။

ref : techradar

%d bloggers like this: