Xiaomi ရဲ့ Android One Smartphone မှာ Full Screen Display တပ်ဆင်ထားမည်

Xiaomi က Google နဲ့ပူးပေါင်း၍ Android One Smartphone ကို ဖန်တီးနေတဲ့ သတင်းဟာ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များ ပိုမို ထွက်ပေါ်လာပါတယ်။ အဲဒီ စမတ်ဖုန်းကို Mi A1 လို့ အမည်ပေးထားမှာ ဖြစ်ပြီး Xiaomi Mi Mix မှာလိုု Full Screen Display တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။

အဲဒီ သတင်းဟာ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဝီဘိုမှ ပို့စ်မှာ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံများလည်း ပါလာပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် အပါအဝင် အဲဒီ စမတ်ဖုန်းရဲ့ အခြား သတင်းအချက်အလက်များကို မသိရသေးပါဘူး။

ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအရ Mi A1 မှာ Qualcomm Snapdragon 625 SoC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ MIUI ကို ထည့်သွင်းထားမှာ မဟုတ်ဘဲ Pure Android မောင်းနှင်မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို အထူးသဖြင့် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Google က တန်ဖိုးနည်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းများကို ဖန်တီးဖို့ ရည်ရွယ်တဲ့ Android One ပလက်ဖောင်းကို ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ Google က စမတ်ဖုန်း ထုတ်လုပ်သူများနဲ့ပူးပေါင်း၍ Android One စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတော့ တန်ဖိုးနည်း စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေတဲ့ တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီနဲ့ Google တို့ ပူးပေါင်းဖန်တီးထားတဲ့ Android One စမတ်ဖုန်းကို မြင်တွေ့ရတော့မှာပါ။

ref : gsmarena

%d bloggers like this: