အသစ်ထွက်ရှိလာတဲ့ Mobile Apps များ

နေ့စဉ် အသစ်ထွက်ရှိလာတဲ့ Mobile Apps များစွာ ရှိနေပါတယ်။ အဲဒီအတွက် အကောင်းဆုံး Apps များကို ရှာဖွေဖို့ မလွယ်ကူပါဘူး။ Digital Times က စာဖတ်သူများ အဆင်ပြေစေဖို့အတွက် မကြာခင်က ထွက်ရှိလာတဲ့ အကောင်းဆုံး Apps များကို ဖော်ပြပေးလိုက်ပါတယ်။

Alexa (Android)

Amazon ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Alexa ကို Android အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ Alexa ဟာ Google Assistant or Google Now , Apple Siri တို့လို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဖြစ်ပြီး အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်ပေးခြင်း၊ ရာသီဥတု သတင်းများ ဖတ်ပြခြင်း၊ အစည်းအဝေးသွားရမယ့် အချိန်ကို သတိပေးခြင်းများ အပါအဝင် အလုပ်များစွာကို သူက ပြုလုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ သူ့ကို အသံဖြင့် ခိုင်းစေနိုင်တာ ဖြစ်ပါတယ်။

Download

Stardust (Android & iOS)

သင်ကြည့်နေတဲ့ ရုပ်ရှင်၊ တီဗီရှိုးများနဲ့ ပတ်သက်ပြီး အခြား လူများနဲ့ ဆွေးနွေးချင်ရင်တော့ Stardust ကို အသုံးပြုပါ။ သူ့ကို Android နဲ့ iOS တို့အတွက် ထုတ်လုပ်ပေးထားပါတယ်။ သင်နဲ့ အကြိုက်ချင်း တူသူများကို Follow လုပ်နိုင်ပြီး ပို့စ်များ တင်ခြင်း၊ မျှဝေခြင်းများ ပြုလုပ်နိုင်ပါတယ်။ သူဟာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်လိုမျိုး ဖြစ်ပါတယ်။ သင့် ပရိုဖိုင်တစ်ခု တည်ဆောက်ရမှာ ဖြစ်ပြီး အခြားလူများက သင့်ကို Follow လုပ်နိုင်ပါတယ်။

Download

Primed Mind (iOS)

သင့်ရဲ့ စိတ်ဓါတ်ခွန်အားဟာ သင့်ဘဝအတွက် အလွန် အရေးကြီးပါတယ်။ စိတ်ဓါတ်ခွန်အား ကောင်းမှ သင့် ကိုယ်သင် ယုံကြည်မှုရှိပြီး ဘဝရဲ့ အခက်အခဲများကို အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ Primed Mind က သင့်ရဲ့စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးတဲ့ Mindset Coach ဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ကူးအတွေးများကို ပုံဖော်နိုင်ပြီး ရည်မှန်းချက်များ သတ်မှတ်နိုင်ပါတယ်။ သူ့မှာ Elliot အမည်ရ Mindset Coach ပါပြီး သင့်ရဲ့ စိတ်ဓါတ်ခွန်အား မြင့်မားအောင် သူက လေ့ကျင့်ပေးပါတယ်။ ယုံကြည်မှု၊ အောင်မြင်မှု၊ စိတ်ပိုင်းဖြတ်ခြင်း၊ ကျန်းမာရေး၊ ဆက်ဆံရေးနဲ့ ပြန်လည် ရုန်းကန်ခြင်း စတဲ့ ကဏ္ဍ ၆ ခု ရှိပါတယ်။

Download

Bola (Android)

Bola က သင့်ရဲ့ ငွေကြေးများကို စီမံခန့်ခွဲပေးနိုင်ပါတယ်။ သူ့မှာ သင့်ရဲ့ ဝင်ငွေ၊ လျာထား အသုံးစားရိတ်များကို မှတ်သားထားနိုင်တဲ့အတွက် ငွေကြေး ဖြုန်းတီးမှုများကို မဖြစ်စေတော့ပါဘူး။ သူ့မှာ နိုင်ငံများစွာမှ ငွေကြေးများကို ထောက်ပံ့ထားပြီး ဒေတာများကို Cloud ကနေ Sync လုပ်နိုင်ပါတယ်။ ငွေကြေး စုဆောင်းချင်သူများအတွက် Bola က အလွန် အသုံးဝင်ပါတယ်။

Download

ref : androidauthority

%d bloggers like this: