Google Maps မှာ ကားပါကင်များကို ပြသတဲ့ စွမ်းရည် ပါလာ

Google က သူ့ရဲ့ Maps App မှာ Find Parking စွမ်းရည်ကို ထည့်ပေးလိုက်ပြီး အနီးအနားမှ ကားပါကင်များကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားပါကင်များသို့ သွားရမယ့် မြေပုံလမ်းညွှန်ချက်ကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ အဆိုပါ စွမ်းဆောင်ချက်ဟာ ယာဉ်မောင်းများအတွက်တော့ အလွန် အသုံးဝင်ပါတယ်။

အစောပိုင်းမှာတော့ ဒီ စွမ်းဆောင်ချက်ကို Android အတွက်သာ ဖြန့်ချီပေးထားပါတယ်။ ဒီ စွမ်းဆောင်ချက်ကို အစောဆုံး အသုံးပြုနိုင်မယ့် အမေရိကန်ရှိ မြို့ပေါင်း ၂၅ ခုမှာ Atlanta, Boston, Charlotte, Chicago, Cleveland, Dallas/Fort Worth, DC, Denver, Detroit, Houston, Los Angeles, Miami, Minneapolis/St. Paul, New York City, Orlando, Philadelphia, Phoenix, Pittsburgh, Portland, San Diego, Sacramento, San Francisco, Seattle, St. Louis, Tampa တို့ ဖြစ်ကြပါတယ်။

Google က ယခုနှစ်အစောပိုင်းမှာ Maps App တွင် Parking Difficulty ကို ထည့်ပေးခဲ့ပြီး သင်သွားမယ့် ဒေသမှ ကားပါကင် နေရာလွတ် ခက်ခဲတဲ့ သတင်းအချက်အလက်များကို ပြသပေးပါတယ်။ ကားပါကင် နေရာလွတ် ခက်ခဲမှုကို Google Maps မှာ Limited, Medium, Easy စတဲ့ အခြေအနေ သုံးခုဖြင့် ပြသပေးထားပါတယ်။ ဒီစွမ်းဆောင်ချက်ကို Alicante, Amsterdam, Copenhagen, Barcelona, Cologne, Darmstadt, Dusseldorf, London, Madrid, Malaga, Manchester, Milan, Montreal, Moscow, Munich, Paris, Prague, Rio de Janeiro, Rome, Sao Paulo, Stockholm, Stuttgart, Toronto, Valencia, Vancouver စတဲ့ မြို့များမှာ သုံးနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: